အခန်း(၁၈၅) ကုယျန်ရှန်းကိုယ်တိုင် သူ့လက်နဲ့ WE ကိုဖျက်စီးလိုက်တာ လိုချင်တယ်။
"လက်ထပ်လက်စွပ်ကို ပြန်ဝတ်ပေးမယ် ဟုတ်လား။ မင်း ... မင်းရဲ့ ဒဏ်ရာကို အသုံးချပြီး ငါ့ကို တွန်းအားပေးဖို့ ကြိုးစားနေတာလား။ "
ဝမ်နျဲ့နျန်က ဒဏ်ရာကြောင့် ဖြူဖျော့ပြီး အားနည်းနေသည့် ကုယျန်ရှန်းကို ကြည့်၍ မေးလိုက်သည်။ သူ့မျက်ဝန်းအတွင်း၌ နာကျည်းမှုများလည်း ပြည့်နေသည်။
"မဟုတ်ဘူး ! အဲ့လို မဟုတ်ဘူး။ ငါ ကျိန်ပြောရဲပါတယ် ... မင်းကို တွန်းအားပေးတာ မဟုတ်ပါဘူး။ " ဝမ်နျဲ့နျန်ရဲ့စကားကြောင့် ပျာယာခတ်သွားသော ကုယျန်ရှန်းက ချက်ချင်းထ၍ ပြောလာသည်။ လှုပ်ရှားမှုကြောင့် ချက်ချင်းခံစားလိုက်ရသည့် နာကျင်မှုနှင့်အတူ မျက်နှာတစ်ခုလုံး ဖြူစုတ်သွားပြန်သည်။
ထိုအခါ ဘေးတွင် ဒီအတိုင်းထပ်၍ ရပ်ကြည့်မနေနိုင်တော့သည့် ကုလင်က ဝင်ပြောတော့သည်။
"အကို နျဲ့နျန် .. ဘယ်အချိန်ထိကြာအောင် ကိုယ့်ကိုယ်ကို လိမ်နေမလို့လဲ။ ကျွန်တော့်အကိုကို ချစ်နေသေးတာ ကျိန်းသေပါတယ် ဗျာ။ ဘာလို့ ဝန်မခံတာလဲ။ ချစ်တာပဲကို ဘာလို့ တစ်ယောက်နဲ့တစ်ယောက် နှိပ်စက်နေကြတာလဲ။"
"ပါးစပ်ပိတ်ထား ကုလင် ! မပြောနဲ့တော့ ! "
ကုယျန်ရှန်းက နီရဲနေသော မျက်ဝန်းများဖြင့် ဝမ်နျဲ့နျန်ကို ကြည့်လိုက်သည်။ နာကျင်နေသည့်ကြားကပင် အသက်ကိုပြင်းပြင်းရှူ၍ နူးညံ့သော လေသံဖြင့် ပြောခဲ့သည်။
"ရပါတယ် ... မင်း အတွက် အချိန်လိုတာကို ငါသိတယ်။ ဒါလေးတစ်ခုကို ဖြေပေးရုံပါပဲ ... အခု မင်းကျခဲ့တဲ့ မျက်ရည်က ငါ့ကြောင့် မလား ... ဟုတ်တယ် မလား။ "
မျက်တောင်ဖျားလေးတွေ လှုပ်ခါသွားပေမယ့် ဝမ်နျဲ့နျန်က ဘာစကားမှ ပြန်မဖြေ။ ကုယျန်ရှန်းကို ကြည့်ပြီး ခေါင်းကို အသာအယာငုံ့ထား လိုက်သည်။
"အင်း ..... ငါ နားလည်ပြီ။ ငါ အရမ်းပျော်တယ် ... ငါ တကယ်ကို အရမ်း ပျော်တယ် ..."
"ဘာလို့ ဆရာဝန်က နဖူးကဒဏ်ရာကို မချုပ်ပေးခဲ့တာလဲ။"
"ငါက ရည်ရွယ်ချက်ရှိရှိနဲ့ မချုပ်ဘဲ ထားခဲ့တာ" ဟိုဒီရွေ့လျားသွားသော မတည်မငြိမ်မျက်ဝန်းများဖြင့် ကုယျန်ရှန်းက ပြုံး၍ ဖြေသည်။
YOU ARE READING
ဥက္ကဌရဲ့အရင်ယောက်ျားကပြောတယ် " သူက အနက်ရောင်ကြာပွင့်လေးပါတဲ့"
Romanceသုံးဆယ့်ခြောက်ပွင့်သော နေကြာက ' ငါ့အချစ်ကို မင်းပိုင်ပြီး ငါ့ကိုလည်း မင်းသာ ပိုင်သည်။' တဲ့