part_1

66.1K 2K 38
                                        

Unicode....

"အ့ ..အား အမေ အာ့ သားဗိုက်အရမ်းအောင့်နေတယ် ၊သားအရမ်းနာကျင်နေပြီး"

မျက်ရည်များခိုတွဲကျဆင်းနေလျှက် ကြည်တောက်နေသောမျက်လုံးလေး၏အရောင်ကနွမ်းလျားနေကာဗိုက်အရမ်းအောင့်နေကြောင်းဖွင့်ဟပြောလာသည့်သားကြောင့်ဒေါ်ခြည်ထွေးပြာယာခက်သွားမိသည် ။ ကျန်းမာရေးမကောင်းဟုဆိုကာ တစ်ခါမှဖွင့်မပြောဖူးတဲ့သားက ရူံ့မဲ့ကျနေသော မျက်နှာပေဖြင့် သူမကို ကြည့်ကာပြောလာတာကြောင့် ဆိုးရိမ်းစိတ်ကထိန်းမရအောင်ဖြစ်လာရတော့သည်။

"အရမ်းပဲအောင့်နေလားသား ၊ ခဏစောင့်ပါအုံးနော် ၊  အမေ သားဉီးလေးကို သွားခေါ်လိုက်အုံးမယ် "

သား‌ဖြစ်သူရဲ့ဝေဒနာကမိခင်ဖြစ်သူ သူ့မကိုပါ ဟပ်သွားသလို၊ဒေါ်ခြည်ထွေး၏အသံက ဇောလေးပါနေ၏။အိမ်ပေါ်ကအပြေးကလေးဆင်းသွားတဲ့ ဒေါ်ခြည်ထွေး ခြေလှမ်းတွေဟာ လျင်မြန်စွာ သွက်လတ်နေတော့သည်။

အမေကိုကြည့်ကာနာကျင်မူဒဏ်ကို အလူးအလဲလိပ်ကာကြိတ်မှိတ်သည်းခံနေတယ် ခြည်လင်းနောင် ...၊ ဆီးစပ်ခုံနားတဝှိက်မှ ထိုးကိုက်ဒဏ် ၊ ကတ်ကြေးဖြစ့်ကိုက်ဖြတ်မတက် နာကျင်ဒဏ်ကို ငရဲမီးဖြင့် ထိုးဆွခံနေရသည့် အပြစ်သားလိုပေ.. ။ ပြောပြမတက်အောင် နာကျင်လာတာမို့  သည်းမခံနိုင်စွာ ဖွင့်ဟတဲ့အထိကို ဖြစ်လာရသည် ။  မသိရင် ၊ အငြိုးကြီးသော လူတစ်ယောက်က အပ်ချောင်းတစ်ရာဖြင့် ဆီးခုံပေါ်ကို တဆွဆွထိုးစိုက်ကာနာကျင်စေလောဟု ဒဏ်ခတ်နေသလိုပါ ။ ဇောချွေးများပျံ့ကာ သတိလစ်‌
မေ့မျှောချင်သလိုတောင်ဖြစ်နေတော့သည်။

သူ့အတွက် ဗိုက်ခဏ ခဏအောင့်တက်တာမို့ မဆန်းတော့ပင်မယ့် ။ အခုတစ်ခါက ‌လုံးဝ ကြိတ်မှိတ်သည်းခံလိုမရအောင် နာကျင်လာခဲ့သည်။  ယခုမူတော့ ဗိုက်အောင့်တာပါမက ဆီးစပ်ခုံနားတွေပါ နာကျင်ကိုက်ခဲလာတာမို့ကြိတ်မှိတ်သည်းမခံနိုင်တော့တဲ့အဆုံး အမေဖြစ်သူကို ဖွင့်ဟပြောပြမိ၍ ထိုဝေဒနာကြီးကြားမှ အကူးရှာ ရုန်းထွက်စေမိတော့သည်။

တအောင့်ကြာတော့ ဦးလေးနဲ့အတူ အမေရဲ့ထိတ်ပျာနေသောအသံပါကြားလိုက်ရပြီး အိမ်ပေါ်တက်လာတဲ့ခြေသံ‌တွေကိုပါတဆက်ထဲကြားလိုက်ရတော့သည်။

ခြည်'''' ခြည်'''' (Complete) Место, где живут истории. Откройте их для себя