Unicode...!!
စိတ်သွားတိုင်းကိုယ်မပါသွားသလို ခေါင်းကြီးငုံစိုက်ကျနေပြီး နှေးတိနှေးတွဲ့လမ်းလျှောက်သွားနေတယ် မောင့်ကို ခြည့် တစ်ခွန်းမှ စကားမဆိုပဲ နောက်ကနေ လျှောက်လိုက်နေပြီး ကြည့်နေမိ၏။
စိတ်နဲ့ကိုယ်နဲ့မကပ်အောင် လွင့်မျောနေသလား မှတ်ရတယ် မောင့်က ခြည့် ကျန်နေခဲ့မှာကို စိုးရိမ်းနေသေးသည် ။ ခြံဝင်းထဲဝင်တော့ အိမ်ရှေ့မှာ အမေကို တွေ့လိုက်ရတယ် ၊ ခြည့်တို့ ပြန်မရောက်လာသေးလို့ စိတ်ပူနေပုံပါပဲ ...
မောင့်က အမေကို တွေ့တော့ ငယ်သံပါရုံတမယ် အော်ခေါ်ပြီး အားကိုးတကြီးပြေးသွားပုံက ခြည့်ပါ လန့်ရသည် ။ အမေနား မောင့်ရောက်သွားတာ နဲ့ ဖက်ငိုနေပြန်ပါတော့တယ် ။
" အမေ...!! "
"ဟဲ့ ~! ဘာဖြစ်တာလည်း ၊ ဘာဖြစ်လို့ ငိုနေတာတတုန်း "
မောင့် ကို မေးပြီး ခြည့်ကိုပါ ကြည့်လျက် မေးပြန်တယ် အမေကို ခြည့် မပြောမိပဲ မောင့်ကို မျက်ခုံးတွန့်ထားပြီး ကြည့်လိုက်သည် ။နောက် စိတ်ရူပ်သွားဟန် ခေါင်းကိုကုပ်လိုက်မိပြီးတော့...
"သား ဗိုက်ကြီးနေလို့ သူငိုနေတာ အမေ "
"ဟမ့် !"
ခြည့် စကားကြောင့် ဒေါ်ခြည်ထွေး အံဩသွားကာ ပါးစပ်ဟ မျက်ဆံပြူးလျက် အိမ်ထဲကို ရှက်လောတကြီးလျှောက်ဝင်သွားတယ် ခြည့်ကို လိုက်လံကြည့်သည် ။ သူမကို ဖက်ပြီး ငိုနေတယ် သမက်ဖြစ်သူကလည်း ရှော့ရသွားပုံပါပဲ ၊ တစ်နေ့နေတော့ ထိုစကားသံကြားရတော့မှာကို ဒေါ်ခြည်ထွေး သိနားလည်းထားလည်း အရမ်းတော့ မယုံကြည်မိထားပါ ။
အခုကြားလိုက်ရတော့ ဝမ်းသာကြည်နူးမျက်ရည်ဝဲနေမိတာတော့ အမှန်ပါ ၊ သမက်ဖြစ်သူ ငိုနေရရင်း အကြောင်းက မထင်မှတ်ထားသော အရမ်းမယုံကြည်ထားသော စကားကို ကြားလိုက်ရလို့ သူမလိုပဲ ရှော့ရကာ ဝမ်းသာတကြီး ငိုရှိုက်နေရခြင်းဖြစ်တယ် ။
တစ်နေ့ကုန်မဟုတ်ဘူး ခြည့် ဗိုက်ကြီးပြီးဆိုသံ နဲ့ပဲ တငိုငို တရီရီ ထွဋ်ထိပ်ခေါင် အသံက အိမ်ဝင်း ဆူညံလှသည် ။ ခြည့် မပူသေးတယ် ဗိုက်ကို ကိုင်ရထိရမှာ ရွံသလို စွံသလို နဲ့ တွန့်ဆုတ်နေပြန်တယ် ထွဋ်ခေါင်က တစ်ချိန်လုံး သူ မိန်းမကို ထိုင် ထိုင်ကြည့်ပြီးတော့ကို ငိုနေတာ ဒေါ်ခြည်ထွေး တို့ သားအမိ နားပင် ဂွမ်းထည့်ထားရတော့တယ် ။
