Unicode ...!!
လျှင်မြန်နေသော ခြေလှမ်းတို့က မြန်ဆန်းနေစွာ ပုံမှန်ထပ် ပိုမြန်နေတော့သည် ။ သူနောက်မှာ တစ်ယောက်ယောက် လိုက်မှီသွားမှာလည်း ဆိုး၍ ကြောက်နေသေး၏၊ ယခုချိန် ဣန္ဒြေဆိုတာ ဘာမှန်းမသိအောင်ပဲ ကျုရှင်ပြအိမ်ကိုတာ အပြေးရောက်ချင်နေခဲ့ပါတယ်။
ကျုရှင်ပြအိမ်ကို မြင်တာနဲ့ အလောသုံးဆယ် ခြေလှမ်းတို့ဖြင့် ပြေးဝင်သွားလိုက်ပြီး အပေါက်ဝနားမှာ ထိုင်ချလျှက် အမောဖြေနေမိတော့တယ်။ ယခုလို ကြောက်ရွံတာတွေ ထိတ်ပြာတာတွေ မကြုံဖူးတာမို့ တဒိတ်ဒိတ် တုန်ရီနေသော နှလုံးခုန်သံက ခြည် ဘယ်လောက်ထိ ကြောက်လန့်နေတာ သိသာသည်။
နိမ့်ချည်မြှင့်ချည် လိူက်ဖိုနေသော ရင်ဘတ်စုံက ပြေးလွှားမူပုံ မူတည်၍ မောဟိုက်နေခဲ့ပြီး ရင်ဘတ်ကိုလက် ဖိထားလျှက်သား ခြည် အသက်ရှူသွင်း ရှူထုတ် လိုက်ပြီး ခနနားကာ စာသင်ဝိုင်းထဲ ဝင်သွားပါတော့တယ် ။
စာသင်ဝိုင်းက အတွင်းကျကျမှာမို့ ခြည့် လျှောက်ဝင်သွားချိန် အိမ်ပိုင်ရှင်က ခြည် မူပျက်နေတာကို သတိထားမိ၍ လှမ်းမေးလာသည် ။ခြည် အသက်ရှူသံပုံကလည်း အနည်းငယ်ပျက်နေတာကို သတိထားမိပုံပင်။
" ဟဲ့ ခြည် ဘာဖြစ်တာလည်း ချွေးတွေထွက်နေပါလား "
ဟုတ်ပါရဲ့ ခြည်နဖူးမှာ ချွေးတွေစွဲနေကာ နောက်ကျောပြင်မှာ အေးစိမ့်စိမ့် ခံစားလာရသည် ။ သွေးပူတုန်းမို့ထင်သည့် ချွေးထွက်နေတာကို သတိတရမရှိပဲ အခုမှ သတိပြုသွားတာမို့ ခြည် စကားကို အမှန်မပြောရဲစွာ လိမ်မိပါတော့တယ် ။
သူနောက်ကို တစ်ယောက်ယောက်က လိုက်နေလို့ပါလို ပြောပြမိခဲ့ရင် သေချာပေါက် အမေနားဆီ ရောက်သွားမှာပဲ ၊ အမေ စိတ်မပူရလေအောင် သူကြောင့် ဒုက္ခမဖြစ်ရအောင်မို့ ခြည်ဘက်က မုသားသုံးဖို့တာရှိတော့တယ်။
"ဘာမှမဟုတ်ပါဘူး ဟီး ကျုရှင်နောက်ကျပြီးထင်လို့ ပြေးလာမိတာ ဒေါ်လေး "
"ဟုတ်ရဲ့လား ခြည် "
ခြည်ကို မေးတာမေးတယ် အပြင်ဘက်ကို လည်ဆန့် အကဲခက်ကြည့်နေသည့် ဒေါ်လေးကြောင့် ခြည် အိုးမလုံစွာ မျက်စံကလူးဖြစ်သွားပြီး...
