Unicode....!
သောက်တော်ရေချမ်းများ ကပ်လှူပြီး ။ ဆွမ်း ထမင်း ဟင်းတို့ကို ကပ်လှူလိုက်သည် ။ ဘုရားစင်အောက် ဒူးတုပ်ဝပ်ထိုင်ချလိုက်သည် ။
ဦးသုံးကြိမ် ကန်တော့အပြီး ခြည့် ထ မရပ်သေးပဲ ဘေးမှာ ရပ်ကြည့်နေတယ် မောင့်ကို သတိထားမိလိုက်တယ် ။ ပြုံးပြုံးကြီး ရပ်ကြည့်နေပြီး ဘာကိုသဘောကျနေမှန်းမသိရတဲ့ မောင့်က ခြည့် ထရပ်လိုရအောင် လက်ကမ်းလာပေးသည် ။
ခြည့် မောင့် လက်ကိုကိုင်ပြီးအားပြုထရပ်လိုက်သည် ။ မောင့် နဲ့ မျက်နှာချင်းဆိုင် ရပ်လိုက်တော့လည်း ပြုံးပြီး ကြည့်နေပြန်တယ် မောင့်ကို ခြည့် မေးလိုက်ရတော့တယ် ။
" မနက်စောစော ဘာတွေသဘောကျနေတာလည်း "
" ဟင်အင်း ၊ အပြင်သွားကြရအောင် ခြည့် "
" ဘယ်ကိုလည်း အစောကြီးရှိနေသေးတာ "
" မစောတော့ပါဘူး ..လာပါ ခြည့် ရယ် "
" နေ နေအုံးလေး ..မောင့် !"
သူစကားကိုပေးမဆုံး ခြည့်ပုခုံးတို့ကို ထိန်းကိုင်ဖက်ပြီး အတင်းကိုအပြင်ဆွဲခေါ်နေတယ် မောင့် ။
" ဒီနှစ်ယောက် ကြိတ်ကြိတ် နဲ့ ဘယ်သွားကြမှာလည်း "
မနက်ဈေးဝယ်ပြီးပြန်လာတယ်အမေက အိမ်ကိုမပေါ်မှီ ခြည့် နဲ့မောင့်ကို တွေ့ပြီး လှမ်းမေးလာ၏။ခြည့်လည်း သူပုခုံးပေါ်က မောင့်လက်တို့ကို အသာဖယ်လိုက်ပြီး ...
"မသိပါဘူး အမေ ၊ ပေး အမေ ဈေးခြင်းကို "
ပြောပြီး အမေလက်ထဲက ခြည့် ဈေးခြင်းကမ်းယူတော့ မောင့်က လက်ဦးပြီး အရင်ကိုင်လိုက်ပါပြီး ။ ခြည့် မောင့် ကို မျက်စောင်းပင့်ပြီး ကြည့်လိုက်ချိန် သွားဖီးရီပြလာတယ် မောင့် ။ ဒီကောင်လေး ဒီနေ့ ဘာအရူးထနေတာလည်း ?
" ဟိုဟိုဒီဒီ သွားရုံပဲ အမေ ။ ဘယ်မှတော့ မသွားဘူး ၊ ခြည့်လည်း တစ်နေ့ တစ်နေ့ အိမ်မှာကြီးပဲ နေနေတော့ ပျင်းမှာဆိုးပြီး အပြင်ကို ခေါ်လည်မလားလို့ "
" ကောင်းတာပေါ့ ၊ ခြည့်လည်း ပျင်းနေတာပဲ မဟုတ်လား လိုက်သွားလေး "
