part_6

18.9K 1.1K 30
                                        


Unicode...!!!

6'1လက္မအရပ်ရှိတဲ့ ထိပ်ခေါင်က မိုးကောင်းကင်နဲ့နီးသယောင် ခေါင်းတိုက်လောက်၏။ body အချိုးဆစ်ကအစ အားကျရအောင်ထိ တောင့်ခိုင်းနေသော bodyအနေအထားက smartကျကျရှိသည် ။

ဝတ်ပုံစားပုံStylist ရှိပြီး ၊ ဝါဖန့်ဖန့်အသားရေလေးနှင့် စိမ်းညှို့နေသော တောင်တန်းတဖွယ် ထူးထပ်‌နက်မှောင်နေသော မျက်ခုံးတန်းနှစ်တွယ် ၊ ချွန်ယောင်ယောင်နှာတံလေးကိုမှာထိပ်မှာလုံးဝန်းနေတော့သည်။ အောက်နူတ်ခမ်းကပြေပြေလေးနှင့်အပေါ်နူတ်ခမ်းရဲ့ပုံသဏ္ဍာန်က အသဲပုံဆန်းနေတော့သည်။ ဆယ်ကျော်သက်လူငယ်ဖြစ်တဲ့ ထိပ်ခေါင်က အရမ်းကို ပြီးပြည့်စုံသော လူသားတစ်ယောက်ဖြစ်၏။

"မင်းပြောတာ ဒီအိမ်လား "

"အင်း ဒီအိမ်ပဲ ၊  ဒါနဲ့ မင်း ဒီမှာပဲ ထိုင်စောင့်နေဖို့တွေးထားသေးလား "

"မင်းစိတ်ထင်တဲ့အတိုင်းပဲ"

"ဟုတ်မှာလည်း လုပ်ပါ ထိပ်ခေါင်ရာ .. တီချယ်နားမှာရှိနေတဲ့ ချစ်ငယ်လေးက ဥစ္စာစောင့်နတ်ဘီးလူးတွေထပ် ကြမ်းတယ်ကွာ "

"အေးဆေးပါ ထွဋ်ထိပ်ခေါင်ဆိုတဲ့ မင်းဘရိုက မပိုင်ရင်ခြင်ကိုတောင် လက်ညောင်းလို့မရိုက်ဘူး သိတယ်မလား "

"အေးပါကွာ မင်းကိုဆရာတင်ထားပါ့မယ် "

R15_v4Homeဆိုင်ကယ်ပေါ်မှာထိုင်နေတဲ့ ထိပ်ခေါင်ကို ရပ်လျှက်ကြည့်သာပဲ လက်နှစ်ဖက်ကိုဟန်ကျကျချီထားကာ ရွဲသဲ့သဲ့မျက်နှာဟန်ပြုထားလျှက်ရှိ၏။ ထိုကို ထိပ်ခေါင်က အမြင်ကပ်ဘွယ်နီးရာခြေတဖက်ဖြစ့် ကန်ဟန်ပြုလိုက်သည့် ၊ ဘေးသို့ရွှေ့သွားပြီးရှောင်ထွက်လိုက်တဲ့ ဇေယျာက ထိပ်ခေါင်ကို မင်းလောက်တော့ သနားတယ်ဟူသော မျက်နှာပေဖြစ့် ရပ်မြူးစွာ ကြည့်လိုက်သည်။

"ဒီအချိန် အိမ်ပြင်ဘယ်သူမှမထွက်ကြဘူးလား "

"သူတို့ သားအမိကသိုသိပ့်ကြတယ် အပေါင်းသင်း သိပ့်မရှိဘူး ၊ အလုပ်ကိစ္စရှိမှသာ အပြင်ထွက်ကြတာလေး ထိပ်ခေါင် "

"ကျစ့်!...‌ဒါကြောင့်မို့ထင်တယ် ခြည်က ပိုးသားလိုနုနေတာ ၊ ထိန်းသိမ်းထားပေးတဲ့ ယောက္ခမကြီးက သမက်လောင်းလျားကို စောင့်နေတာထင်တယ်နော် "

ခြည်'''' ခြည်'''' (Complete) Where stories live. Discover now