part_10

16.2K 949 11
                                        

∆ Unicode ∆

ဇေယျာ ရူးချင်လွန်းလို့ ပြေးပေါက်မရှိတော့ပါ ။ ဆံပင်ကို လက်ချောင်းတွေဖြင့် ဖွကုပ်ခြစ်နေလိုက်ပြီး မျက်နှာတစ်လုံး ရူံ့မဲ့ကြနေခဲ့သည်။  တဇွတ်ထိုး တဇောင်းကန်း အကျင့်တွေ မပျောက်သေးသည့် ထိပ်ခေါင်က အခုလည်း သူကို နားပူနားဆာလုပ်နေပြန်ပါတော့တယ်။ စိတ်ညစ်လွန်းလို့ ရူးချင်လာရ၏။

"နောက်တစ်ခေါက် တစ်ခေါက်ပဲလေး ပြန်စဉ်စားပါအုံး ထိပ်ခေါင် "

" မလိုတော့ဘူး ငါဆုံးဖြတ်ချက်ကို ပြန်ပြင်ဖို့မရှိဘူး ၊ဇေယျာ ငါအတည်ပြော‌နေတာ "

" ဟာ ရူးတော့မှာပါပဲ ။ မဟုတ်သေးဘူးနော် မင်း နဲ့ သူက အဆင်ပြေနေတယ် နေရာထိ ရောက်မနေသေးတာ မင်းကအခုလို စိတ်မြန်လက်မြန် လုပ်လိုက်ရင်း သူမုန်းသွားမှာကိုရော မင်း မတွေးမိထားဘူးလား "

" မတွေးရှိလား တွေးထားတာပေါ့ ။ မုန်းလည်း အမုန်း ခံလိုက်တော့မယ် ငါမှ ခြည်ကို လက်လွှတ်ပေးနိုင်တာ ၊ ခြည်ကို ရူံးဆုံးရမှာ ကြောက်တယ် ငါမပိုင်ဆိုင်ရင် ရူးသွားလိမ့်မယ် အဲ့ဒါမင်းသိလား ဇေယျာ "

တကယ်ကို လေးလေးနက်နက် ပြောနေတယ် ထွဋ်ခေါင်က အရင်လို စနောက်ဟန်မရှိပဲ တည်နေသည် ။ အချစ်ဆိုတဲ့ အရာကို ထိမိတဲ့လူတိုင်း အတ္တဆန်းသွားကြတာလား ...

"အဲ့ဒါကတော့ ထွဋ်ခေါင် ..."

" ဇေယျာ မင်းကို ငါစိတ်ရင်းနဲ့ အကူညီတောင်းတာပါ ၊ တကယ်လို့ မင်းကူညီရင် ငါရူးသွားလိမ့်မယ် "

ပြိုတော့မည့်မိုးလို မိူင်းညှိုးပြလျှက် မျက်နှာလေးငယ်ကာ သူကို ပြောနေသည့် ထွဋ်ခေါင်ကြောင့် ဇေယျာ ထွက်ပေါက် ပိတ်နေမိသည် ။ မကူညီချင်လိုတော့ မဟုတ်ပါ ၊ နောက်ဖြစ်လာမယ့် ရလာဒ်က နှစ်ယောက်လုံး နာကျင်မှာကို တွေးမိ၍ ဇေယျာ တွန့်ဆုတ်နေမိတာဖြစ်တယ် ။

တစ်ဦးက သူတို့ရပ်ကွက်ထဲမှာ ‌နာမည်ပျက်မရှိ ရိုးအလွန်းသည့် ဆရာတစ်ဦး ၊ နောက်တစ်ယောက်က သူရဲ့ အရင်းနှီးဆုံး သူငယ်ချင်းဖြစ်နေကာ ဇေယျာ ဘေးနှစ်ချပ် ပိတ်မိနေပါတော့တယ် ။

" ငါကူတော့ညီမယ် ထိပ်ခေါင် ၊ ဒါပင်မယ့် မင်းအတင်းကြပ်နဲ့ တဇွတ်ထိုးမလုပ်ပါဘူးလို့ ငါကို ဂတိပေးရမယ် ။ ဒါမှ ငါကူညီမယ့် ငါဆရာမလေးကို သနားတယ် "

ခြည်'''' ခြည်'''' (Complete) Where stories live. Discover now