part_8

16.3K 986 28
                                        

Unicode ...!!!

ကိုးနာရီဆိုတာ မော်လမြိုင်မြို့မှာ မနက်စာထမင်းဝိုင်းတောင် စားပြီးနေပါပြီး ။ အခုမှ အိပ်ယာထလာတယ် ထွဋ်ခေါင်က အိပ်ခန်းထဲက ထွက်လာကို မြင်စွာ ဦးမင်းဦး လိုက်ကြည့်နေလိုက်သည် ။

ခုံတစ်ခုံဆွဲယူပြီး စားပွဲမှာ ဝင်ထိုင်တယ့် ထွဋ်ခေါင်ကို မြင်တော့ ဦးမင်းဦး ဖတ်နေလက်စ သတင်းစာကို သေချာခေါက်နေလိုက်ပြီး သားဖြစ်သည့်သူကို ကြည့်လာကာ ခနဲစကား ရွဲ့စကား ပြောလာပါတော့တယ် ။

"စကော့ နဲ့ ဖယောင်တိုင်ကို ယူပြီး နေ့ညချိန်းပေးရတော့မယ် ထင်နေတာ တော်သေးတာပေါ့ နိူးလာသေးလို့ "

ဦးမင်းဦး ပြောလည်း နားမဝင်တယ် ထွဋ်ခေါင်က ဖအေးကို မေးထောက်ပြီး စိုက်ကြည့်နေခဲ့ပါတယ် ။တစ်ဦးတည်းသော သားမို့ ထွဋ်ခေါင်က အလိုလိုက်ခံရကာ ဆိုးသည့် ၊ မိဘတွေ ရဲ့ ဖူးဖူးမူတ် အချစ်ခံရဲ့တဲ့ ထွဋ်ခေါင်က ဖအေးကိုလည်း ကြောက်လန့်စိတ်ရှိမနေခဲ့ပါ ။

" ရှင်မလည် သားကို စလိုက်ရမှ ၊ ကလေးက အခုမှ အိမ်ကို ပြန်လာတာ စိတ်ချမ်းသာသလို နေပါစေ ပွစိပွစိ ပြောမနေ နဲ့ ကျွန်မ မကြိုက်ဘူး "

သားအတွက် မနက်စာယူလာပေးပြီး ဦးမင်းဦးကို မျက်စောင်းထိုးလျှက် သားရှေ့ ကာကွယ်နေသည့် ဒေါ်ရွှေစင်က ယောင်္ကျားဖြစ်သူကို အနိုင်ယူထားနိုင်သည်။

ထွဋ်ခေါင်က မော်လမြိုင်မှာ နေတာမဟုတ်ပဲ ရန်ကုန်မှာ ကျောင်းတက်လေးရှိသည် ။ သူမော်လမြိုင်ကို ပြန်လာရတာလည်း ကျောင်းပိတ်ကာလမို့ မိဘတွေနဲ့ အတူလာနေတာပဲဖြစ်တယ် ။

"ပြောပါစေ အမေ ၊ လူချောလူလှကို မနာလိုသူက သက်သက်ရှိတော့လည်း လွှတ်ထားလိုက်ပါ "

" မင်းရုပ်ချောတာ ငါမွေးထားလို့ကွ နားလည်းလား "

ထွဋ်ခေါင် စကားကို ပြန်ချေပါ့လိုက်တယ် ဦးမင်းဦးက စိတ်ဆိုးပုံမရလည်း ဟန်လုပ်ထားသေးသည် ။ သားကို ချစ်လွန်းတယ် ဦးမင်းဦးက ဒေါ်ရွှေစင်ထပ် သားဖြစ်သူကို ပို၍ နားလည်းပေးထားနိုင်သူ့ ဖြစ်သည် ။

" အဖေ ဗိုက်ကြီးခဲ့လား "

" ငါက ကြီးစရာလားကွ "

ခြည်'''' ခြည်'''' (Complete) Where stories live. Discover now