∆Unicode ∆
အိပ်ပျော်သွားမှန်းမသိ အိပ်ပျော်မိသွားသည့် ခြည့် လန့်နိူးလာကာ ထထိုင်မိစဲစဲ သူကို ဖက်ထားတာကို အမှတ်ရမိပြီး ပြန်ငြိမ်ကျသွားရတော့တယ် ။ ခေါင်းဘေးစောင်းကြည့်လိုက်ချိန် အိပ်ပျော်နေစဲ မောင့်ကို မြင်တော့ ခြည့် ငေးငိုင်မိသွားရသည် ။
မောင့်က မျက်နှာချိုလွန်းသည့် အပြောကောင်းကာ ပြုံးလိုက်ရင်းလည်း ဆွဲဆောင်မူရှိသည်။ အိပ်ပျော်နေချိန်မှာတောင် ပြုံးချင်ချင် နှုတ်ခမ်းပါးက ကော့ညွှတ်နေကာ လှနေခဲ့ပါတယ် ။ ဒီမျှ အနုစိတ် လှသည့် လူသားက သူ နဲ့ တန်ရော တန်ပါ့မလား ။
တွေးမိစွာ ခြည့် စိတ်ပူပမ်းသွားလျှက် ငေးငိုင်မိသွားရပြန်သည့် ၊ မောင့် ဘာကြောင့် အဖြစ်မှန်ကို ပြောပြပြီး လူသိရှင်ကြား မငြင်းလိုက်တာလည်း ။ သူအကြောင်းသိပြီး အားလုံးကို ဖွင့်ပြောလိုက်လို့ ရတာမှ သူကို လက်ထပ်မည်လို့ ပြောခဲ့တယ် မောင့်က ဘာများတွေးနေခဲ့တာလည်း ။
ဆက်အိပ်၍ မဖြစ်တော့တာမို့ ခြည့် သူကို ဖက်ထားသည့် မောင့်လက်တွေကို အသာဖယ်ချလိုက်ပြီး ၊ အိပ်ခန်းပြင်ကို ခြေနင်းသံတိုးလျှက် ထွက်သွားလိုက်တယ် ။ အပြင်မှာ ထိုင်၍ စကားပြောနေကြသည့် အမေ နဲ့ အဖွားက သူကို မြင်ပြီး လှမ်းခေါ်တာမို့ ခြည့် သွားထိုင်လိုက်သည် ။
" ထမင်းစားသွားပြီးကြပြီးလား အမေ နဲ့ အဖွား "
" စားပြီးပြီကွယ့် "
အဖွားက ဖြေသည်။
" အခုပဲ စားပြီးသွားတာ ခြည့် ၊ ဟိုမှာလေး အဖွားက အအီပြေအောင် ထန်းလျက်နဲ့ရေနွေးကြမ်းသောက်ချင်လို့ဆိုပြီး ပြောလို့ အမေပါ ထိုင်သောက်နေမိတာ "
ထမင်းစားများတိုင် အဖွားက အခုလိုပဲ ထန်းလျက်ခဲကို ရေနွေးကြမ်းနဲ့ သောက်တက်တာကို သိတယ် ခြည့် ရီတာနေမိတော့တယ် ။
"အော် ဒါနဲ့ ခြည့် သားထွဋ်ရော နိူးသွားပြီးလား "
"ဟအင်း အိပ်နေတုန်းပဲ အမေ "
" အင် အင်း အိပ်ပါစေ ပင်ပန်းနေတာဖြစ်မှာပေါ့ "
အဖွားဝင်ဖြေစကားကြောင့် ခြည့် ကြောင်သွားရပြီး ၊ အမေကတော့ ရီသာနေ၏။
