(လွှမ်းပိုင်ရဲ့ ရင်ထဲမှာ သီးချင် နားထောင်ပြီးမှ ဖတ်ပါ ။)
∆Unicode ∆
အိမ်ပြန်နောက်ကျတတ်လာသည့် မောင့်ကို ခြည် စောင့်ရင်း စိတ်ဆိုးလာရသည် ။ အရင်ကဆို ငါးနာရီထိုးတာနဲ့ အိမ်ကို ပြန်လာလေးရှိတယ် မောင့်က အခုတော့ ခုနှစ်နာရီ ရှစ့်နာရီတောင် ပြန်မလာခဲ့သေးပါ ။ ခြည့် စိတ်ကလည်းပူ စိတ်လည်း ဆိုးမိတာမို့ မပြန်လာမချင်းကို စောင့်နေမိသည် ။
မအောင့်ကြာချိန် ဆိုင်ကယ်မီးလင်းရောင်နှင့်အတူ ခြံထဲမောင်းဝင်လာသည့် မောင့်ကို တွေ့လိုက်ရသည့် ၊ မောင့် ဆိုင်ကယ်ကို သေချာ ရပ်ထားပြီးမှ အိမ်ပေါ် တက်လာခဲ့သည့်အထိကို ခြည့် စိတ်ရှည်ရှည်နဲ့ ရပ်ကြည့်နေခဲ့တယ်။
ခြည်က အနေအေးကာ ဒေါသမကြီးတက်သူအလျောက် စိတ်ဆတ်ကြီးသူပီပီ ငါးဇဉ်ရိုင်း အမျိုးပမာ အဆူးထောင်ထားသေးသည့် ၊ အိမ်ပေါ် ရောက်လာသည့် မောင့်က ခြည် စိတ်မကြည့်နေပုံကို ရိပ်မိစွာ မျက်နှာချိုသွေးပြီး ချော့သည် ။
"ဘာတွေများ ကောက်ချိတ်နေတာလည်း မောင့်ရဲ့ခြည်လေး "
ခြည် နှာနုဖျားလေးကို ဖွဖွရွရွ ညှစ်ဆွဲလျှက် ထွဋ်ခေါင်က ကျီစယ်ပြန်သည့် ထိုကို စိတ်မကြည်နေတဲ့ ခြည် ထွဋ်ခေါင် လက်ကို အားမထည့်ပဲ ပုတ်ထုတ်လိုက်ပြီး...
"တော်စမ်းပါ မောင့် ၊ ဘာလို နောက်ကျတာပဲပြော "
"အော် ..အဲ့ဒါလား မောင့် လေး...."
စကားကို လေသံရှည်ဆွဲပြီး ရိတဲ့တဲ့ ပေတီတီ မျက်နှာပိုးနဲ့ ထွဋ်ခေါင်က ခြည် အူမတိုတိုအောင်စသည့် ၊ ကလေးတွေကို စာသင်ပေးသည့် ဆရာတစ်ဦးပီပီ လက်မြန်ခြေမြန် ရှိတယ် ခြည်က ထွဋ်ခေါင် စကားအသွားအလာပေါ် စိတ်တိုလာကာ သူစိတ်မကြည်နေတာပါ ပေါင်းပြီး ထွဋ်ခေါင် နားရွက်တဖက်ကို ပူထူးသွားအောင်ထိ လိမ်ဆွဲထားလိုက်တယ် ။
"အာ့ ! ခြည် မောင့် နာတယ် "
ခြည်လက်ကို ဖြုတ်မချသွားရဲစွာ မလူးသာမလွန့် ရှိနေတယ် ထွဋ်ခေါင်က ခြည် လက်ပေါ်ကို အုပ်ကိုင်ထားပြီး နာကျင်မူကို ပြသည် ။
