part_20

15.2K 809 5
                                        

∆ Unicode ∆

ဒီနှစ် စာသင်နှစ်ကို ခြည်နားပြီး အိမ်မှာပဲ အိမ်ပုန်းကြီးလုပ်သေးရသည် ။တကယ်တော့ ခြည် ကလေးတွေ နဲ့ မျက်နှာချင်းမဆိုင်ရဲပဲ ရှက်နေလို့ပါ ။ရုတ်တရက်ကြီး သူအိမ်ထောင်ပြုသွားသည့် အပေါ်မှာ ကလေးတွေ ငြိုငြင်မှာကို ကြောက်နေမိတာလည်း ပါ၏။

သူကို အေးတယ်လို့ ချီးကျူးစကားပြောဆိုကြသည့် လူများမှာလည်း ကဲ့ရဲ့မျက်လုံးတွေ နဲ့ ကြည့်လာကြမှာကို သူမလိုလာပါ ။ဒါကြောင့် စာသင်နှစ်ကို တစ်နှစ်နားလိုက်ပြီး ၊နောက်နှစ်မှတာ သူသင်ဖို့ တွေးထားသည်။

နွေရာသီကျောင်းပိတ်ပြီး ကျောင်းပြန်ဖွင့်တော့ ခြည် ကျုရှင်သင်ဖို့ တွေးထား၏။အရင်သင်နေကြ အိမ်မှာပဲ ကျုရှင်ဝိုင်းလုပ်ထားသည့်မို့ အဆင်သင့်ပြင်ကာ ကျုရှင်အိမ်ဆီ သွားဖို့ပြင်တော့သည် ။

စာအုပ်တွေတန်းစီနေသည့် ခြည် ။ စုံမစုံကို ကြည့်ပြီး အိတ်ထဲထည့်ဖို့ လုပ်နေစဉ့် အနားမှာ လာထိုင်သည့် မောင့် ။ ခြည် လုပ်နေတာကို ရပ်လိုက်ပြီး မောင့်ကို လှည့်လိုက်တယ် ၊ မျက်နှာကြီး ထိုင်းမိူင်းနေပြီး သူကို မေးနှစ်ဖက်ထောက်ကာ ကြည့်နေတယ် မောင့်ကို မနေမနိုင်ပဲ မေးမိလိုက်ပါတော့တယ် ။

"ဘာဖြစ်နေလိုလည်း ၊ နေမကောင်းလိုလား "

မေး၍ မောင့်နဖူးကို ခြည် ထိစမ်းလိုက်သည် ။

" စာမသင်ပါ‌နဲ့တော့လား ခြည် "

သူနဖူးပေါ်က ခြည်လက်ကို ဆွဲယူဆုပ်ကိုင်ပြီး ပြောလာခဲ့သည်။

"မင်း ငါကို လုပ်ကျွေးမှာမို့လိုလား "

ဘာရယ်မဟုတ် ခြည် နောက်ပြောင်ပြီး ပြောလိုက်တယ် ။ ခြည် စကားကြားတော့ ခေါင်းငုံကျသွားတယ် မောင့် ။

" စလိုက်တာလေး မျက်နှာကဘာဖြစ်သွားရတာလည်း "

မနေတတ်စွာ ခြည် ချော့ပြောလိုက်ရသည် ။ သူစလိုက်တာဖြစ်ပင်မယ့် တကယ်စိတ်မကောင်းဖြစ်သွားတယ် မောင့်ကို မြင်တော့ ခြည် သူစတာလွန်းသွားတာ သိလိုက်သည် ။

" အင်း မောင့်လုပ်ကျွေးမယ် ၊ ဒါကြောင့် ခြည် စာဆက်မသင်နဲ့တော့ "

ခြည်'''' ခြည်'''' (Complete) Where stories live. Discover now