part-35

10.9K 607 18
                                        

Unicode...!!

မနက်ဆို မောင့်က အလုပ်သွားပြီး ၊ အမေ နဲ့ အဖွားက မနက်စာ စားသောက်ပြီးတာ နဲ့ နေ့ခင်းတစ်ရေးတစ်မော အိပ်တတ်ကြတယ် ။ အဲ့ဒီအချိန်တွေဆို ခြည့် ပျင်းနေရတယ် ၊ အခုတော့ မတူ  ကဆုန်မြူးပါရှိနေတော့ လူကြီးတွေ နေ့ခင်း အိပ်ချိန်တွေမှာ စကားပြောရမယ် လူတိုးလာရတာ အပျင်းပြေရတယ်လေး ။

" ထမင်းစားပြီးလို့ ဗိုက်တင်းနေသလိုမျိူး ပူနေတာကြနေတာပဲ "

"ဟင် "

လက်ဟန်မူယာပြပြီးပြောလာတယ် ကဆုန်မြူးစကားကို ခြည့်နားမလည်းလိုက်ပါ ။ ဘယ်အချိန်ထဲက ထိုင်နေကြည့်ပြီး တစိမ့်စိမ့်ကို အူယားနေသလား မှတ်တယ် ကဆုန်မြူးရဲ့ လေသံ အသွား နဲ့ အကြည့်က သုံးလဝန်းကျင် ခြည့် ဗိုက်ကလေးကို ကြည့်နေတာ မြင်လိုက်ရတော့တယ် ။

"ဟီး ~~"

ကဆုန်မြူးစကားကို နားလည်းသွားပြီး ၊ သဘောကျစွာ ခြည့် ရီပြန်တော့ သူကို ပြန်ရီပြပြီး ကြည့်နေတယ် ကဆုန်မြူး ။ အသက် ဝါအရ ခြည့်ထက် ငယ်သူမို့ ကဆုန်မြူး ရဲ့ စပ်စုချင် စိတ် နဲ့ စူးစမ်း လေ့လာချင်စိတ်ကို တွေ့လိုက်ရတယ် ၊ ပြီးတော့ ကဆုန်မြူးက လူပုံစံကြည့်ရင်း ပွင့်လင်းမူရှိသလို နဲ့ တကယ် တကယ်တော့ မြိုသိမ်နိုင်စွမ်း ကြီးသူပင် ။

အနေထိုင် အေးဆေးပြီး စကားပြောရာမှ စည်းထိန်းတတ်တယ် ။ ဒီကောင်လေးက ခြည့်ကို မြင်ဖူးတာ အခုမှာဆိုလည်း အရင်ကကြားသိဖူးသူလိုလို တွယ်တာ သံယောဇဉ်ကြီးပြန်သည် ။

ကျွီ~~! ဆိုင်ကယ် ဘရိတ်ညှစ်လိုက်သံကြောင့် ခြည့် နဲ့ ကဆုန်မြူးတို့ နှစ်ယောက်လုံး အပြင်ကို မမြင်ရလည်း စိတ်အလိုက် လှမ်းကြည့်လိုက်မိကြကုန်တယ် ။ ဘယ်သူ ရောက်လာတယ်ဆိုတာ ခြည့် သိလိုက်ပါပြီး ၊ ကဆုန်မြူးပါ သိ၍ထင်သည့် ခြည့်ကို ပြန်လှည့်ကြည့်လာပြီး ....

" ထွဋ်ခေါင် ပြန်လာတာ ထင်တယ်နော် "

" အင်း ဟုတ်လောက်မယ် "?

ရေးရာမူမရှိတဲ့ စကားကို ခြည့်ဖြေလိုက်ပြီး ထ သွားလိုက်တယ် ၊ ခြည့် နောက်ကနေ ကဆုန်မြူးကပါ လိုက် ထလာသည် ။ ခြည့် ကဆုန်မြူး လိုက်လျှောက်လာတာကို အထူးဆန်းတကျယ်မဖြစ့် တစ်ချက် ကြည့်ရီပြလိုက်သည် ။

ခြည်'''' ခြည်'''' (Complete) Donde viven las historias. Descúbrelo ahora