part-29

11.5K 646 15
                                        

Unicode...!!

အတူတကွ လက်ကလေးတွေ တွဲချိတ်ပြီး ပျော်ရွှင်ကြည်နူးဖွယ် မြင်ကွင်းကို ငေးကြည့်နေသူက ခြည့်ပင် ....။နှုတ်ခမ်းတွေကွေးနေအောင်ပြုံးပြီးကြည့်နေတာမြင်တော့လည်း မောင့်ကပါ လုက်ကြည့်နေတော့သည် ။

"မောင့် သားသမီးလိုချင်လား "

"ဟအင်း "

စဉ်းတောင်မစဉ်းစားပဲချက်ချင်းခေါင်းရမ်းဖြေတယ်မောင့်ကိုခြည့်စိတ်ဆိုးသလိုကြည့်လိုက်သည် ။

" သား..သားသမီးက အပူလို့ထင်တယ် ။ နောက်တော့ ကလေးလို ချစ်စရာကောင်းတယ် ခြည့်ရှိတယ်လေး "

မောင့် စကားကို ကြားပြီး ခြည့် ပြုံးမိသလို တည်ထားရသည် ။ သူသိပါတယ် ခြည့် ကလေးမရဖူးဆိုတာ သိလို တမင်ဖြေလိုက်တာကို ပြီးတော့ ခြည့် စိတ်အနှောက်ယှက်ဖြစ်မှာကို မလိုလာဘူးထင်သည် ။

" တကယ်မလိုချင်ဘူးလား "

" ဟင်အင်းပါဆို "

" အတည်မေးနေတာ "

"မောင့်လည်း အတည်ဖြေနေတာပါ ။ ခြည့် စိတ်ထဲဘာရှိနေလည်းဆိုတာ မောင့် တပ်အပ်ကို မသိပင်မယ် ၊ တကယ်မောင့် ပြောတာ ကလေးမလိုချင်ဘူး "

"ပြီးရော မှတ်ထားနော် ဒီစကားကို "

ပြောပြီး ကောက်သွားတယ် ခြည့်က မဆီမဆိုင် ။ထိုနေ့ ဘုရားဖူးသွားပြီးထဲက ကောက်နေတယ် ခြည့်က အခုထိပြေသေးပုံမပေါ် ၊ သူကို ကြည့်လည်း မကြည့်သလို စကားပါ မပြောခဲ့ပါ ။

ခြည့်ပုံစံက စိတ်ဆတ်နေတာ အရင်ကထက် ပိုမြှင့်နေသလိုပဲ ။ မသိရင် လူနှစ်ယောက်ကပဲ ထွဋ်ခေါင်ကို ဖိပြီး ကောက်ပြနေသလို ခံစားနေရပါသည် ။

:::

" နင်တို့ တစ်မိသားစုလုံးက ငါတို့မိသားစုကို အောက်တန်းကျကျ ကလိမ်ဆင် ဆင်ပြီး လိမ်ထားကြတာလား !!"

ဒေါ်ရွှေစင် မနက်မိုးလင်းထဲက ခြည့်တို့ အိမ်ကို ရောက်နေခဲ့သည် ။ အလုပ်မအား နဲ့ ဘုရားဖူး မလိုက်သွားဖြစ်တယ် ဒေါ်ရွှေစင်က ခြည့် ပုံစံအခြေနေကို မသိသေးပါ ။

ရပ်ကွက်မှတဆင့် ကြားမှတာ မယုံချင် ယုံချင် နဲ့ ရောက်လာခဲ့ရသည် ။ အခု သူမ မျက်စိမှာမြင်တွေ့နေရတယ် သူချွေးမက တကယ်တော့ ယောင်္ကျားလေးတစ်ယောက်ဖြစ်နေခဲ့သည်။ တသက်လုံး မိန်းကလေးလို ထင်နေရတယ် ချွေးမက ရုတ်တရက် ချွေးမက်(သမက်)လို့ သိလိုက်ရတာ ဒေါ်ရွှေစင်မှ ရှော့မရရင် ဘယ်သူမှ မရတော့ပါ ။

ခြည်'''' ခြည်'''' (Complete) Where stories live. Discover now