part-48

11.2K 490 12
                                        

Unicode .....!!!

မနက်တစ်ချိန် နဲ့ ညနေ့ဘက်တွေဆို ပုံမှန်ကို လာနေတက်တယ် ထွဋ်ခေါင်ကို မိုးနတ်မင်းကများ သနားသွားတယ်ထင်ရမယ် ။ ဒါမှမဟုတ်ပဲ ကျောင်းစောင့်နတ်ကပဲ မျက်စိတွေရူပ်လာလိုလားမသိအောင် တစ်ပတ်ကို ခပ်မြန်မြန်ပဲ ပေးပြည့်လိုက်ပါတော့တယ် ။

ထိုယနေ့က ကိုရင်ကြီး သာမဏေ လူဝတ်ထွက်မယ်တစ်ပတ်ပြည့်တဲ့ နေ့ဖြစ်သည် ။မိသားစုတွေလဲ စုံညီစွာ လာရောက်ကြိုကြတော့တယ် ။သင်္ကန်းကို ချွတ်၍ လူဝတ်အင်္ကျီကို ဝတ်ရုံပဲရှိသေးတယ် အနောက်ကနေ ပြေးပွေ့ပြီး ဖက်လိုက်တယ် ထွဋ်ခေါင်ကြောင့် ခြည့် ရှေ့တိုးယိုင်သွားရသည် ။

မြင်လိုက်ကြတယ် မိသားစုတွေကလဲ လန့်ပြီးအံဩသွားလျက် ထွဋ်ခေါင် အပျော်ကို နှောက်ယှက်ကြပါတော့တယ် ။

" ဟဲ့ အကုသိုလ်ကောင် !!"

ဒေါ်ရွှေစင်က သားဖြစ်သူ အနေထိုင်မတက်ပုံကို ကြည့်ပြီး မျက်စိဆံပင်မွှေးစူးစွာ အော်လိုက်ရသည် ။ ဦးမင်းဦးကပါ ထွဋ်ခေါင်ကို မျက်မြင်ကပ်နေဟန် မျက်ထောင့်ကပ်ပြီး နှုတ်ခမ်းမဲ့ကာကြည့်နေတော့သည်။

" ဟာ အမေတို့က ဗျာ မျက်စိလေးခနတော့ မှိတ်ထားပေးကြပါအုံး ။ ဒီမှာ အလွမ်းသယ်နေတာကို လိုက်နှောက်မယှက်ကြပါနဲ့ ..."

" မင်း ဘယ်လိုဖြစ်နေတာလဲ ၊ ဒီမှာ ကျောင်းပိုင် နဲ့ ဆံချ ကိုရင်တွေ ထိုင်နေသေးတယ် မင်းမမြင်ဘူးလား !"

တံတောင်ဆစ်နဲ့ ထွဋ်ခေါင် ခါးနားကို တွတ်ထိုးလိုက်ပြီး ခြည့် ဆူပြောလိုက်တယ် ။ ရှေ့မှာ ထိုင်နေတယ် ဆရာတော်တွေကလဲ ဘာမှမပြောလိုကြပင်မယ့် ပြုံးကာနေနေသည် ။ ခြည့် ရှက်နေတာကြောင့် ရုန်းဖယ်လိုက်ပြီး ထွဋ်ခေါင် နဲ့ ခပ်ကွာကွာမှာ သွားရပ်နေလိုက်သည် ။

"ဆရာတော်ဘုရား တပည့်တော်တို့ ပြန်ပါအုံးမယ် ဘုရား ။ အရှင်ဘုရား တစ်ခုခုများလိုအပ်တာရှိခဲ့ရင်းပဲဖြစ့်ဖြစ့်  တပည့်တော်ကို ပြောပါ တပည့်တော် ကူညီပါ့မယ် ဘုရား "

ကျောင်းပိုင်ဆရာတော်ဘက်ကို ကြည့်ပြီး ခြည့်က ခွင့်ပန်သည် ။ဆရာတော်ကြီးက ခြည့် ပြောတာကို နားထောင်၍ပြုံးကာ ဒကာလေး ထွဋ်ခေါင်ဘက်ကို ခေါင်းငဲ့ရုံမျှ တစ်ချက်ကြည့်လိုက်ပြီးတော့ ဒကာလေးခြည့်ကို ပြန်ကြည့်လိုက်တယ် ။

ခြည်'''' ခြည်'''' (Complete) Where stories live. Discover now