အနူးအညွတ် မေတ္တာရပ်ခံခြင်း(အနူးအညှတျ မတ်ေတာရပျခံခွငျး)
14.4K 340 8
Hello ကိုးခွန်းပါ
ချစ်တဲ့ ကိုးခွန်း
27.5.2022 / Friday / 12:50
_____________________________
အနူးအညွတ် မေတ္တာရပ်ခံခြင်း
Hello ကိုးခွန်းပါ
ကျောက်ချထားသော ရွက်လှေငယ် မူရင်းပုဒ်ဟာ ပျက်သွားခြင်း ဖြစ်သဖြင့် အသစ်ထပ်မံ၍ Book လုပ်လိုက်ရပါတယ်။
ဒီအတွက် ကျွန်မ ကိုးခွန်းက အနူးအညွတ် တောင်းပန်ပါတယ်။ ကျွန်မ၏အမှား မကင်းသောကြောင့် ကိုယ့်ကိုယ်လည်း ယူကျုံးမရဖြစ်ရပါတယ်။ အလွန်လည်း ဝမ်းနည်းနာကျင်ရပါတယ်။
ကိုယ်တိုင် ကလေးတစ်ယောက်လို အပင်လေးတစ်ပင်လို ပြုစုပျိုးထောင်လာခဲ့တာကို ကိုယ်တိုင် ဖျက်ဆီးသလို ဖြစ်တဲ့အတွက် စာဖတ်သူအားလုံးကို တောင်းပန်ပါတယ်
ဘာဆင်ခြေမှ မပေးချင်ပါဘူး။ ကိုယ်တိုင် အသုံးမကျဖြစ်လို့ ဖြစ်တဲ့အပေါ်မှာ ဘာဆင်ခြေ၊ ဘာဖြေရှင်းချက်မှ မပေးလိုပါဘူး။
သို့ပေမဲ့ စာဖတ်သူများအနေနှင့် ခွဲခြမ်းစိတ်ဖြာရအောင်လို့။
ကျွန်မအနေနဲ့ မနေ့က (၅လပိုင်း၂၆ရက်နေ့) လက်ဆောင်ပေးချင်တဲ့အတွက် Extra တစ်ပိုင်း ရေးမိပါတယ်။ ညတွင်းချင်း အပြီးရေးချင်စိတ်နဲ့ မပြင်ဆင်ဘဲ ရေးမိတဲ့အတွက် အချိန်ဟာ ကပ်သွားခဲ့ရပါတယ်။ တင်တဲ့အချိန်မှာလည်း တင်နေကြအတိုင်း တင်ပေမဲ့ ကျွန်မ၏ applicationကို ကျွမ်းကျင်စွာ မသုံးတတ်မှု၊ အသုံးမကျမှုတို့ကြောင့် တစ်ပုဒ်လုံး ပျက်သွားခဲ့ရပါတယ်။
ဒါဟာ ကျွန်မ၏ အသုံးမကျမှု လိုအပ်ချက်များကြောင့် စာဖတ်သူတို့ကို ဒီနေရာကနေ အနူးအညွတ် တောင်းပန်လိုက်ပါတယ်။ Plotပေးတဲ့အစ်ကိုကိုလည်း ညီမက အနူးအညွတ် တောင်းပန်ပါတယ်။ ဒီလိုဖြစ်သွားပေမဲ့လည်း နားလည်ပေးတဲ့ စာအုပ်တိုက်-Dream Worldကိုလည်း ကျေးဇူးများကြီးတင်ရှိပါတယ်။
ကျွန်မအနေနဲ့ ပြန်လည်ပြင်ဆင်ပြီး တစ်ပတ်အတွင်း ပြန်လည်တင်သွားပါ့မယ်။ အမှားအနည်းဆုံးဖြစ်အောင် ကြိုးစားပြီး လုပ်ဆောင်သွားပါ့မယ်။ စာဖတ်သူတို့ဘက်ကလည်း ပြန်လည် ဖတ်ရှု၍ အပြုသဘောဆောင်သော ဝေဖန်ချက်များ ပေးနိုင်ပါတယ်။
ကျွန်မ၏ အခြေအနေသည် ကောင်းမွန်လို့တော့ မဟုတ်ပါ။ သို့ပေမဲ့ ကိုယ့်အမှားကို သုံးသပ်တဲ့အနေနဲ့ အကောင်းမွန်ဆုံး ကြိုးစားသွားပါ့မယ်။
ပထမဆုံး စိတ်ပျက်စေမိတဲ့အတွက် ကျွန်မ ကိုးခွန်းက အနူးအညွတ် တောင်းပန်ပါတယ်။ များစွာလည်း နာကျင်ဝမ်းနည်းမိပါတယ်။
ချစ်တဲ့ ကိုးခွန်း
27.5.2022 / Friday / 12:50