38
3.9K 214 2
                            အပိုင်း ( ၃၈ )
" ဒယ်ဒီ ဒယ်ဒီ "
ဘေဘီလုံးတစ်ယောက် လူကြားထဲက အဖြူ shirtကို နီညိုရောင် coatနဲ့ တွဲဝတ်ထားသည့်သူ၏ခြေထောက်ကို ကျစ်နေတာ ဖက်ထားပြီး ကုန်လုနီး ကတော့ချွန်ရေခဲမုန့်လေးကိုလည်း ဆုပ်ကိုင်ထားသည်။
ဘေးက ဝန်ထမ်းတွေနဲ့ ကုန်တိုက်တာဝန်ရှိသူတွေကလည်း ထိုနှစ်ယောက်ကို ဝိုင်းကြည့်နေသည်။
တစ်ယောက်က သူတို့ဥက္ကဌဖြစ်လည်း ဖြစ်၊ တစ်ယောက်က လေးနှစ်သာသာ,သာ ရှိသေးသည့်ကလေး....။
ထိုထဲကမှ ကုန်တိုက် မန်နေဂျာက ဘေးက လက်အောက်ဝန်ထမ်းနှစ်ယောက်ကို မျက်နှာရိပ် မျက်နှာကဲ ပြတော့ ဘေဘီလုံးကို ဆွဲခွာသည်။
" ဟင့်! ဖယ်ဘူး၊ ဒယ်ဒီ ဒယ်ဒီ "
ဘေဘီလုံး တစ်ယောက် ခြေထောက်ကို ကျစ်နေအောင် ဖက်ထားပြီး သူ့ဒယ်ဒီကို မော့ကာ ကြည့်နေသည်။ ​ရေခဲမုန့် စားထား၍ နှုတ်ခမ်းတစ်ဝှိုက်မှာလည်း ပေတူးနေသည်။
" ကျစ်!! "
အဏ္ဏဝါ ကုန်တိုက်ကို စာရင်းစစ်လာရင်း မကြာသေးခင်ကမှ ထုတ်ထားသည့် ကလေးဝတ် Brandရောင်းအားက ပုံမှန်ပဲ ဖြစ်နေပြီး ရောင်းအား မတက်၍ သေချာလေး လာပြီး ဆိုင်ခန်းတွေ၏ရောင်းအားကို စစ်ရင်း ရောင်းချမှုကို လာကြည့်ခြင်း ဖြစ်သည်။
ဆိုင်ခန်းရှေ့က အဖြတ် ကလေးတစ်ယောက်က နောက်ကနေ ပြေးလိုက်လာပြီး ခြေထောက်ကို ဖက်ထား၍ အဏ္ဏဝါ တုပ်တုပ်မျှ လှုပ်မရ။
ဖက်ထားသည်မှာလည်း ကျစ်နေတာပဲ...။ မသိရင် ဖခင် ပျောက်သွားမှာ စိုးနေတဲ့ ကလေးတစ်ယောက်လိုပါပဲ....။
အခုလည်း ကလေးက သူ့ကို ဖက်တာကို ဘာမဆိုင်ညာမဆိုင် ကလေးကို အတင်းတွေ ဆွဲခွာနေတာ...။
" တောင်းပန်ပါတယ် ဥက္ကဌ၊ ကလေးက သူ့ဖအေ ပျောက်သွားလို့နဲ့ တူတယ် "
အဏ္ဏဝါက ကလေးကို အတင်းဆွဲခွာနေတာကို မကြိုက်မှန်း သိတော့ ကုန်တိုက် မန်နေဂျာက အဏ္ဏဝါကို ဦးညွတ်ကာ တောင်းပန်နေသည်။
" ဖယ်!! "
အဏ္ဏဝါက ကလေးကို ဆွဲယူနေသည့်ဝန်ထမ်းတွေကို အသံမာမာနဲ့ ပြောတော့ ဝန်ထမ်းတွေက နောက်ကို ဆုတ်သွားကြသည်။