Introduction
5.1K 246 6
                             Introduction
လင်းအဏ္ဏဝါညို
မိသားစု ငါးယောက်ထဲတွင် အငယ်ဆုံး သားတစ်ယောက် ဖြစ်ပြီး
ဂျစ်ကန်ကန် ဆိုးသွမ်းနေသူ။ မိသားစုထဲတွင် အလိုလိုက်ခံထားရပြီး ဘယ်သူ့မှ မကြောက်တဲ့ ကောင်ဆိုးလေး လင်းအဏ္ဏဝါညို။ သူ ကြောက်တာဆိုလို့ သူ့အမေ မွေးရပ်မြေက သူ၏အဒေါ် ကြီးမေ။ 6' ရှည်တဲ့ အရပ်ကြီးနဲ့ စတိုင်လ်မိမိုက်သူ။ မေးရိုးထင်းထင်း၊ နှာခေါင်းချွန်ချွန်၊ မဲနက်သော မျက်ခုံးအောက်က မျက်တောင်ရှည်တွေ ဝန်းရံထားသောစွဲဆောင်မှုရှိတဲ့ မျက်ဝန်း ပိုင်ဆိုင်ထားသူ။
~~~~~~~~~~~~~~~~~~~~~~~~~~~~
ပြီးပြည့်စုံလွန်း
ငယ်စဉ်ကတည်းက ဖခင် ဆုံးပါးသွားပြီး ဖခင်၏မွေးရပ်မြေက  ကြီးမေက သားအမိနှစ်​ယောက်ကို စောင့်ရှောက် ကြည့်ရှု့ပေးသူ။ ကြီးလာတော့လည်း ကြီးမေသီတာကပဲ စောက်ရှောက်ထားသူ။ ဆင်းရဲနေပေမဲ့လည်း ဝါဝင်းသောအသားအရည်၊ ဝိုင်းစက်သော မျက်ဝန်း၊ ရှည်လျားကော့ညွှတ်သော မျက်တောင်၊ ချွန်ပြီး နှာခေါင်းထိပ်လေး လုံးဝန်းသူ၊ ခပ်စူစူ ခပ်ရဲရဲ နှုတ်ခမ်းတစ်စုံကို
ပိုင်ဆိုင်ထားသူ။
~~~~~~~~~~~~~~~~~~~~~~~~~~~~~
မင်းမဟာညို
လင်းအဏ္ဏဝါညို၏အစ်ကို။ မိသားစု စီးပွားရေးကို စိတ်မဝင်စားဘဲ နိုင်ငံရေးလောကကို ခြေစုံချပစ်ဝင်သူ။ ညီငယ်လေး အပေါ်လည်း အလိုလိုက်ထားပြီး မျက်နှာ တစ်ချက် အပျက်မခံသူ။
~~~~~~~~~~~~~~~~~~~~~~~~~~
ဖြူစင်းညို
လင်းအဏ္ဏဝါညို၏အစ်မ။  မိသားစု စီးပွားရေးကို စိတ်မဝင်စားဘဲ ဒုက္ခရောက်နေတဲ့ နေရာတွေကို သွားရောက်ပြီး ပရဟိတလုပ်ကိုင်နေသူ။ လူငယ်ပရဟိအသင်းချုပ် ဥက္ကဌ အဝေးရောက်နေပေမဲ့လည်း မောင်ငယ်လေးအပေါ် ချစ်လွန်းသူ။
~~~~~~~~~~~~~~~~~~~~~~~~~~
ဦးမဟာညို
Sun Group၏ဥက္ကဌ။ စည်းကမ်းကြီးသော်လည်း အငယ်ဆုံး
ဖြစ်တဲ့ သားငယ်အပေါ် ချစ်လွန်းပြီး အလိုလိုက်ထားသူ။ တစ်ခါတစ်ခါ ခေါင်းကိုက်ရလောက်အောင်အထိ ပြဿ    နာရှာတတ်သော သားငယ်ကို အငြိုငြင် မပျက်သူ။