49
3.9K 185 1
                             အပိုင်း ( ၄၉ )
ညမီးရောင် မီးလုံးတို့နှင့် အလှဆင်ထားသည့် SUN GROUP၏လုပ်ငန်းစုထဲမှ HOTEL၏ မြက်ခင်းပြင်ကြီးမှာ ထည်ဝါလျက်ရှိသည်။
နံနက်ပိုင်းတွင် ဘုန်းကြီးကျောင်းတွင် အာရုံဆွမ်းကပ်လှူ၍ မင်္ဂလာဆွမ်းကျွေး ပြုလုပ်ခဲ့သည်။ ထိုမင်္ဂလာဆွမ်းကျွေး၌လည်း အဏ္ဏဝါနှင့်လွန်းသည် မြန်မာဝတ်စုံ ပုဆိုးနှင့်အဖြူရောင်လက်ရှည်ကို ဆင်တူ ဝတ်ဆင်ခဲ့သည်။ သားကိုလည်း သူတို့နဲ့အတူ ဆင်တူဝတ်ဆင်စေခဲ့သည်။ ဧည့်သည်ကိုလည်း အသိမိတ်ဆွေလောက်သာ ဖိတ်ကြား ပြုလုပ်ခဲ့သည်။
နေ့လယ်ပိုင်းတွင် မိဘမဲ့ဂေဟာ၊ ဘိုးဘွားရိပ်သာတို့တွင် နေ့လယ်စာ အာဟာရဒါန ကျွေးမွေးခဲ့သည်။ နှစ်ပွဲဆင့်နေ၍ ဘိုးဘွားရိပ်သာ၌ မေကြီးနှင့်ဖေကြီး၊ ကြီးမေနှင့်နော်နန်းတို့က တာဝန်ယူခဲ့သည်။
မိဘမဲ့ဂေဟာတွင် မငယ်၊ ကိုကြီး၊ စိမ်း၊ အဏ္ဏဝါတို့ မိသားစုသုံးယောက်က တာဝန်ယူခဲ့သည်။ ပွဲတွေ ဆက်ပေမဲ့ မပင်ပန်းနိုင်။ သားကလည်း ကလေးတွေနဲ့ ဓာတ်ကျနေသည်။
သတင်းခေါင်းစဉ်၌လည်း SUN GROUP၏ လက်ရှိဥက္ကဌ ဦးလင်းအဏ္ဏဝါညို၏ မင်္ဂလာဆွမ်းကျွေးနှင့်အပြိုင် လိင်တူလက်ထပ်ခြင်းအပေါ် ဝေဖန်ခြင်းနဲ့ ကလေးတစ်ယောက်ပါ ရှိနေခြင်း အံ့ဩမှင်သက်နေကြသည်။
ထိုကြောင့် SUN GROUP၏ စတော့ရှယ်ယာများသည်လည်း မတည်မငြိမ် ဖြစ်လျက်ရှိသည်။ ဒါအတွက် ကိုယ်စားလှယ်ရှယ်ယာဝင်များနဲ့ဒါရိုက်တာများမှာ အနည်းငယ်သာ စိုးရိမ်လျက်ရှိသည်။ သူတို့ကိုယ်တိုင်လည်း သတင်းကြားထား၍ အခုလိုဖြစ်သွားတော့ ဪတစ်လုံးသာ ထွက်နိုင်သည်။
လင်းအဏ္ဏဝါညို အနေနဲ့ ထိုကဲ့သို့ ဝေဖန်ခြင်းအပြစ်တင်ခြင်းအပေါ် နည်းနည်းမျှ မတုန်လှုပ်။ သူ ဖြေရှင်းနိုင်သည်။ ညနေပိုင်းတွင် SUN GROUP၏ သတင်းစီးဆင်းမှု websiteတွင် ဖြေရှင်းချက် တက်လာခဲ့သည်။
ထိုဖြေရှင်းချက်မှာ မည်သူတစ်ဦးတစ်ယောက်ကိုမှ ဂရုမစိုက်သည့် ဖြေရှင်းချက် ဖြစ်သည်။ ငါ့သား ငါ့ယောင်္ကျား ဘယ်သူထိရဲလဲဆိုသည့် သဘောမျိုး သက်ရောက်နေသည်။