40
4.7K 211 2
ီ                         အပိုင်း ( ၄၀ )
လွန်း ဆိုင်ခန်းက အပြန် သားကို သွားခေါ်ပေမဲ့ သော့ခတ်ထားတဲ့ခြံတံခါးကိုသာ တွေ့ရသည်။ လွန်း အလျင်အမြန်ပင် ဖုန်းကို ထုတ်ယူပြီး မူကြိုဆရာမဖြစ်တဲ့ ဆရာမအုဆီကို ဖုန်းဆက်လိုက်သည်။
" ညီမ ဘေဘီရော "
လွန်း တစ်ဖက်က ဖုန်း ကိုင်ကိုင်ချင်း သားကို မေးလိုက်သည်။
" အယ် အစ်ကို ဘေဘီက သူ့တီလေးဆီကို ညီမကို လိုက်ပို့ပေးပါလို့ ပြောလို့ ညီမ အပြင်သွားရင်း တစ်ခါတည်း ဝင်ပို့ပေးလိုက်တယ် "
" သူ့တီလေး..."
လွန်း ဆရာမအုစကားကို သံယောင်လိုက်ပြောရင်း မျက်လုံးထဲမှာ သားကို စိတ်ပူမိသည်။
" ဟုတ်တယ် အစ်ကို ဘေဘီက SUN GROUPမှာ မဖြူစင်းညို ရှိတယ်ဆိုလို့ အာ့ကို လိုက်ပို့ခဲ့တယ်။ "
" အင်း ကျေးဇူးနော် ညီမ "
" တီ "
လွန်း ဆရာမအုဆီက ကြားရတဲ့စကားကို မယုံနိုင် သားက ဘာလို့ သွားရတာလဲ။ မငယ်က ကုမ္ပဏီမှာ ရှိတာမှ မဟုတ်ဘဲ။ ဆရာမအုက မငယ်က သားဒေါ်လေးဆိုတာကို သိထားသည်။ ဒါကြောင့် ယုံယုံကြည်ကြည် ပို့ပေးခဲ့ပုံပင်....။
သားက အလည် အတတ်ကလေး...။
ဆရာမအုကို လူလည်လုပ်သွားတာ....။
လွန်း အလျင်အမြန်ပင် ကားငှါးပြီး သားဆီကို လိုက်ခဲ့ရသည်။ သားကို ပြန်ခေါ်မယ်။ လွန်း ကုမ္ပဏီအတွင်း ဝင်ဝင်ချင်း သူ့အတွင်းရေးမှူးက လွန်းကို တရိုတသေ နှုတ်ဆက်ပြီး အပေါ်ကို လိုက်ခဲ့ဖို့ ပြောသည်။
" ငါ မလိုက်ဘူး သားကို လာခေါ်တာ အောက်ကို လာပို့လို့ ပြောလိုက် "
လွန်း အသံလေးက သားကြောင့် အနည်းငယ် မာနေသည် နိုင်းဆက်မင်းမှာ ဥက္ကဌနဲ့ထိုအစ်ကိုကြားမှာ ​ခေါင်းကိုက်နေသည်။ နိုင်းဆက်မင်း ဖုန်းကို ထုတ်၍ ဥက္ကဌဆီ ဆက်ရသည်။
" ဥက္ကဌ ကလေးကို အောက်လာပို့လို့ ပြောနေပါတယ် "
" ကျစ်! မင်းကို ခေါ်လာဖို့ ငါ ပြောထားတယ်မလား "
" ဒါပေမဲ့..."
" တီ!!.... "
နိုင်းဆက်မင်း စကားပင် ဆုံးအောင် မပြောလိုက်ရ။ ဥက္ကဌက ဖုန်းကို ချသွားပြီ ဖြစ်သည်။