43
3.8K 199 3
အပိုင်း ( ၄၃ )
ရင်ခွင်ထဲမှ သားကတော့ ခဏလေးနဲ့ အသက်ရှုမှန်မှန်မှန် အိပ်ပျော်သွားပြီ ဖြစ်သည်။ ဘေးက သားဖေကရော အိပ်ပျော်ပြီလား အခုချိန်က စကားပြောလို့ အကောင်းဆုံးချိန် ဖြစ်သည်။
အဏ္ဏဝါ ဖက်ထားသည့်အားကို အနည်းငယ်လျော့ပေးလိုက်တော့ လွန်း မျက်ခွံလေးက မသိမသာ လှုပ်ခတ်သွားသည်။ အခြေအေနက သူ့ဘက်မှာ ရှိသေးသည်။
" ကိုကို "
" ကိုကို "
" ကိုကို! "
အဏ္ဏဝါ တိုးတိုးလေး ခေါ်ပေမဲ့ အိပ်ချင်ယောင်ဆောင်သူက တုပ်တုပ်ပင် မလှုပ်ပါ။ အရင်က စိတ်နဲ့ဆို ကိုင်ဆောင့်ပြီးပြီ။ အခုတော့ အဏ္ဏဝါ စိတ်ကို အများကြီး လျော့ထားရသည်။ သူ့မှာ သားနဲ့ကိုကို့ကို ပစ်ထားခဲ့တာမလား။ သူသာ တစ်ခါတည်း ကိုကို့ကို ရွာက ပြန်ကတည်းက တစ်ခါတည်း ခေါ်သွားရင် အခုလို ဖြစ်မှာလည်း မဟုတ်ဘူး။ နောက်ပြီး ကိုကို အားကိုးယုံကြည်ရအောင် သူ စွမ်းဆောင်ပေမဲ့ အခုတော့ ကိုကိုက သူ့ကို မလိုအပ်တော့သလို။ သားကိုပင် ကိုကိုက သူ့သားဆိုတာ ဖွင့်မပြောခဲ့။ သူက တကယ်အသုံးမကျတဲ့ကောင်....။
" ဘာလဲ "
အဏ္ဏဝါ အတွေးယာဉ်ကြောမှာ နစ်မြောနေတုန်း ကြားလိုက်ရတဲ့အသံပိစိလေးကြောင့် လှည့်ကြည့်လိုက်တော့ မျက်လုံး မဖွင့်ဘဲ ထူးလာသည့်အသံ....။
" ကျွန်တော် ပြောစရာ ရှိလို့ "
" သား အိပ်နေတယ် "
" သား အိပ်နေတာနဲ့ ဘာဆိုင်လို့လဲ ကျွန်တော်က ကိုကိုနဲ့ ပြောချင်တာလေ "
" သား နိုးသွားလိမ့်မယ် "
အဏ္ဏဝါ လွန်းစကားကြောင့် မျက်မှောင်ကြီး ကြုတ်မိသည်။ မျက်ခုံးနှစ်ခုကလည်း ထိစပ်တော့မတတ် ဖြစ်နေသည်။ သားကို အကြောင်းပြချက်ပေးပြီ ရှောင်နေတာ....။
" နိုး နိုး စကားပြောမယ် "
" ငါ အိပ်တော့မှာ "
" မအိပ်ရဘူး ထ "
အဏ္ဏဝါ ခုတင်တစ်ဖက်ကနေ ထပြီး လွန်း အိပ်နေသည့်ဘက်ကို သွားပြီး ပြောလိုက်ပေမဲ့ အခုထိ မျက်လုံးက မဖွင့်ဘဲ သူ့ကို ပြန်ပြောနေတာ။ သိပ်ပြီးစိတ်ရှည်တဲ့ကောင် မဟုတ်တော့ ခက်သည်။