8
3.7K 235 6
                               အပိုင်း ( ၈ )
" ကြီးမေရေ...ကြီးမေသီတာ...ကြီးမေ..."
မသိမ့် ကြီးမေကို အိမ်ရှေ့၌ မတွေ့၍ အော်ခေါ်နေပေမဲ့ အသံ မကြား။ အမှန်တကယ်က ကြီးမေ တူဆိုတဲ့သူကြောင့်ပါ။
" ဟင်...ဘယ်သူမှ မရှိဘူးလား မသိ "
မသိမ့် တစ်ကိုယ်တည်း တီးတိုး ဆိုလိုက်သည်။ သေချာအောင် ထပ်အော်ခေါ်အုံးမှပါ။
" ကြီးမေရေ...ကြီးမေ....ကြီးမေ..."
" ဘယ်များ သွားကြပါလိမ့် "
မသိမ့် တစ်ကိုယ်တည်း တီးတိုးဆိုမိပြန်သည်။
အဏ္ဏဝါ အိပ်နေရင်း အောက်က အာတဗြဲဗြဲနဲ့ အော်နေသံကြောင့် နှိုးလာရသည်။ ဘေးက ချွတ်ထားတဲ့လက်ပတ်နာရီကို ကြည့်လိုက်တော့လည်း အချိန်အားဖြင့် အတော်လင့်နေပြီ။ အဏ္ဏဝါ အိပ်ယာမှ ထလိုက်သည်။ ထို့နောက် အိမ်အောက်ကို ဆင်းလာခဲ့သည်။
အဏ္ဏဝါ သူ ဆင်းလာတာကို မြင်ပုံ မရ။ သူကလည်း ဒါမျိုးဆို အရေးတယူ လုပ်ပြီး မပြောချင်။ ထို့ကြောင့် အဏ္ဏဝါလည်း
ကုန်းထဲက ထိုသူမကို မသိဆောင်ကာ မီးဖိုဘက် ဝင်ဟန်အပြု.....
" ဟိုမောင်လေး..."
အဏ္ဏဝါ မျက်မှောင်ကြုတ်မိသည်။ အသံက ချိုအီနေကာ ပျားသကာဆမ်းထားလား မသိ။
မသိမ့် နောက်ကနေ ခြေသံကြားလို့ လှည့်ကြည့်လိုက်တော့ မီးဖိုချောင်ဘက်ကို ဝင်ဟန်ပြုနေတဲ့သူကို အချိုသာဆုံး ပြုံးကာ ခေါ်ဝေါ်လိုက်သည်။
" ကြီးမေ ရှိလား "
အဏ္ဏဝါ မေးနေတာကို မဖြေဘဲ မီးဖိုထဲ ဝင်ဖို့ပြုတော့ မီးဖိုချောင်ထဲကနေ ယောင်းမကြီး ကိုင်ကာ ထွက်လာတဲ့ လွန်း။ လွန်း ကြီးမေကို အော်ခေါ်နေသံကြားပေမဲ့ လုပ်လက်စ မပြီးသေး၊ နောက်ပြီး အဏ္ဏဝါ နှိုးလောက်ပြီ အထင်နဲ့ မထူးသေးဘဲ နေ,နေတာကို အဆက်မပြတ် အော်ခေါ်သံ၊ ပြီးနောက် ငြိမ်သွားသောကြောင့် ပြန်သွားပြီလားအထင်နှင့် ထွက်အလာ မီးဖိုထဲကို ဝင်ဖို့ခြေလှမ်းပြင်နေတဲ့ အဏ္ဏဝါ ​နောက်ကနေ လှည့်ကြည့်နိုး မျှော်လင့်နေတဲ့ မသိမ့်။