ကျေးဇူးတင်လွှာ ( ကျေးဇူးတင်လွှာ)
1.6K 50 5
                         ကျေးဇူးတင်လွှာ
အားလုံးပဲ မင်္ဂလာပါ ကိုးခွန်းပါ
ကျောက်ချထားသော ရွက်လှေငယ်လေးက ငါးလပိုင်း နှစ်ဆယ့်ခြောက်ရက်မှ တစ်ဆယ့်တစ်လပိုင်း တစ်ဆယ့်ရှစ်ရက်မှာ ပြီးဆုံးခဲ့တယ်။
ဒီခရီးမှာ အစကနေ အဆုံးထိ လိုက်ပါလာသည့် တစ်ဦးတစ်ယောက်ချင်းစီကို ကျေးဇူးတင်ပါတယ်။
နောက်ပြီး Plotပေးတဲ့အစ်ကို။
အစ်ကို့ကိုလည်း ကျေးဇူးတင်ပါတယ်။
နောက် ကိုယ့်သူငယ်ချင်း။
ဒီလောကထဲကို ဆွဲခေါ်ပေးတဲ့ mommyပေါ့လေ>_<
နောက် coverလေးကို ဆွဲပေးတဲ့ သူငယ်ချင်းမလေး artistပေါ့။ ဘိုင်ပြုတ်နေတုန်း ဆွဲပေးဖို့ ပူဆာရတာ မုန့်ဝယ်ကျွေးပါ့မယ်ဆိုပြီး ဟဟ>_<
Ongoingလိုက်လာတဲ့ တစ်ယောက်ချင်းစီကိုလည်း ကျေးဇူးတင်ပါတယ်။ complete ဖြစ်မှ ဖတ်မယ်ဆိုတဲ့သူတွေလည်း complete သွားပြီဆိုတာ လက်တို့လိုက်ကြပါအုံး
စာလုံးပေါင်းသတ်ပုံ အမှားတွေကို ထောက်ပြပေးတာကိုလည်း ကျေးဇူးတင်ပါတယ်။ အခုထိလည်း မှားနေတုန်းပဲ။ တဖြည်းဖြည်းချင်း ပြင်သွားပါ့မယ်။
ရွက်လှေငယ်လေးက ကိုယ့်အတွက် ပထမဦးဆုံး Bl တစ်ပုဒ်ဖြစ်တယ်။ ဒီရပ်ဝန်းလေးက ဆွဲခေါ်ပေးတယ်။ Wp gpတွေမှာ ficတွေ တောင်းကြတာ တွေ့ရင် SSလေး ရိုက်။ fileထဲ ထည့် saveလိုက်နဲ့။ တကယ်ကို ပျော်ခဲ့ရတယ်။
လွန်း...။ လွန်းနဲ့အဏ္ဏဝါကို ခွဲတာ???
အဏ္ဏဝါ ပြန်လာတော့လည်း တန်းမတွေ့ပေးတာ???
စိမ်းရဲ့ လွန်းအပေါ် လုပ်ရပ်တွေ???
ကိုကြီးက စိမ်းကို ကြိုက်နေသလား???
လွန်းရဲ့ပုံစံ???
အာ့လိုတွေက တကယ်ကို ကိုယ့်ဘက်က ပြန်စဉ်းစားခဲ့ရတယ်။ နောက် plotလေးအတိုင်း သွားခဲ့တယ်။ တချို့နေရာတွေမှာ ကိုယ်ထည့်ချင်တဲ့plot ရှိရင် တိုင်ပင်ပြီး ထည့်တယ်။
နောက် ဘေဘီလုံးပေါ့။ သူက ဒုတိယမြောက် သား ဖြစ်မလား မသိသေးဘူးပေါ့နော်။
စာလည်း ရှည်နေပြီ။ ဇာတ်သိမ်းကို အားမရ မဖြစ်ပါနဲ့။ ကိုယ်က ဇာတ်သိမ်းမကောင်းတဲ့သူ တစ်ယောက်မလို့ပါ>_<