44
4.3K 192 2
                              အပိုင်း ( ၄၄ )
နံနက်ခင်း နေရောင်ခြည်သည် ဖွင့်ထားသည့် မှန်ပြတင်းပေါက်မှ တစ်ဆင့် ခန်းစီးလိုက်ကာကို ကျော်လွန်ကာ အိပ်စက်နေသည့် လူသားသုံးယောက်အပေါ် နေခြည်နုနုက ဖြာကျနေသည်။
ခန်းစီးလိုက်ကာလေးလည်း နံနက်ခင်းလေပြေနှင့်အတူ ယိမ်းနွဲ့ကာ လှုပ်ရှားနေသည်။တေးဆိုငှက်တို့၏အော်သံတို့သည်လည်း ကြားရတတ်သေးသည်။ ခြံထဲမှာ စိုက်ထားသည့်ပန်းရနံ့တို့ကလည်း ဝေ့တက်လာပြီး ကလူကျီစယ်နေတတ်သည်။
ညက ဘေဘီလုံးသည် အဖေနှစ်ယောက်၏ဘေးတွင် အိပ်ပေမဲ့ ယခုနံနက်တွင်မူ အဖေနှစ်ယောက်၏အလယ်တွင် ရောက်နေပြီ ဖြစ်သည်။ ဘယ်ကဘယ်လိုရောက်လာလည်းဆိုလျှင် တစ်ရေးနိုး ကြားထဲ ဝင်အိပ်ခြင်းဖြစ်သည်။ အဏ္ဏဝါ မသိပေမဲ့ လွန်းက အသာယာ ဖယ်ပေးပြီး သားကို ကြားထဲ ဝင်အိပ်စေခဲ့သည်။
ဘေဘီ့ခြေထောက်နှစ်ချောင်းသည် အဏ္ဏဝါ၏ဗိုက်ပေါ်သို့ ရောက်နေပြီး ခေါင်းလေးသည် လွန်းဗိုက်ပေါ် ရောက်နေသည်။ ဘေဘီ အိပ်ရေးပုတ်ချက်.....။
မျက်လုံးအိမ်တို့က သခင့်အလိုကျ တန်းပြီး မဖွင့်နိုင်သေး။ မျက်ခွံတို့ကို အနည်းငယ်လှုပ်ခတ်ပြီးမှ ဖွင်လိုက်တော့ ဗိုက်ပေါ်မှာ မြင်နေရသည့်ခြေချောင်းသေးသေးလေးတွေ။ ကျစ် သားက ဘယ်လိုလုပ်ကြားထဲ ရောက်နေတာလဲ။ ဘေးကိုကြည့်လိုက်တော့လည်း ကိုကိုဗိုက်ပေါ်မှာ သားက အိပ်နေတာ ဗိုက်တွေ အောင့်ကုန်တော့မှာပဲ။
အဏ္ဏဝါ လွန်း ဗိုက်ပေါ်က ဘေဘီ့ခေါင်းလေးကို မ,၍ ခေါင်းအုံးထက်မှာ အသာအယာချ၊ နေရာတကျ သိပ်ပြီး ဘေဘီနဲ့လွန်းနဖူးထက် အနမ်းတစ်ပွင့်ဆီ ခြွေပြီး အိပ်ရာမှ ထလိုက်သည်။
ထို့နောက် ရေချိုးခန်းတံခါးကို အသာတွန်းဖွင့်ပြီး ဝင်ကာ ရေချိုးလိုက်သည်။ အဏ္ဏဝါ ရေချိုးပြီး ထွက်လာတဲ့အထိ ခုတင်ပေါ်က သားအဖနှစ်ယောက်က အိပ်နေတုန်း။
အဏ္ဏဝါ အောက်ပိုင်းကို တဘတ်တစ်ထည်နဲ့ ပတ်ပြီး ခေါင်းကို တဘတ်တစ်ထည်နဲ့ သုတ်ရင်း ကြည့်ပြီး ခေါင်းခါကာ စားပွဲပေါ်က ဖုန်းကို ယူ၍ အပြင်ကို ထွက်ကာ ဖုန်းပြောသည်။ အဏ္ဏဝါ ဖုန်းပြော၍ပြီးသည်အထိလည်း ဖေရော၊သားရော  မနိုးသေး။