11
4.6K 230 5
                              အပိုင်း ( ၁၁ )
နံနက် ဝေလီဝေလင်းအချိန် လင်းကြက်တွန်ချိန်၌ လွန်း သတိရလာတော့ မျက်လုံးကို ဖြည်းညှင်းစွာ တဖြည်းဖြည်း  ပွင့်လာသည်။ လွန်း မြင်နေရတဲ့မြင်ကွင်းကြောင့် ညက အဖြစ်အပျက်များက အနှေးပြကွက်ဖြင့် ပြသလို ပေါ်လာသည်။ လွန်း ခန္ဓာကိုယ်၌လည်း အဝတ်အစား ကင်းမဲ့နေသည်။
လွန်း ညက အဖြစ်အပျက်ကို တွေးရင်း လူက တစ်ခုခုကို ကြောက်ရွံ့လို့နေသည်။ လွန်း အိပ်ယာပေါ်ကနေ ထရန် ပြင်လိုက်ပေမဲ့ အောက်ပိုင်း တစ်နေရာက စူးခနဲ နာကျင်မှုက
မျက်ရည်ပင် ဝဲသွားသည်။
လွန်း အိပ်ယာပေါ်ကနေ အားယူကာ ထ၍ ဘေး၌ ပျံကျဲကာနေသော သူ့အဝတ်အစားတွေကို ယူပြီး ကောက်ဝတ်သည်။ ထို့နောက် အခန်းထဲက ထွက်လာသည်။
ပက်လက်ကုလားထိုင်ခုံပေါ် အိပ်နေတဲ့အဏ္ဏဝါကို လျစ်လျူရှု၍...။
လွန်း ခန္ဓာကိုယ် တစ်ခုလုံးက ကိုင်ရိုက်ထားသလား ​အောက်မေ့မိအောင် နာကျင်ရပါသည်။ ခြေတစ်လှမ်း လှမ်းလိုက်တိုင်း နာကျင်မှုက မျက်ခနဲပင်။ လွန်း ရောင်နီကို အားပြု၍ ကြီးမေအိမ်ကနေ အိမ်ကို ပြန်လာခဲ့သည်။
လွန်း ခြံထဲကို ဝင်လိုက်တယ်ဆို အိမ်ထဲက မီးရောင်ကြောင့်
ရင်ထဲက ပျော်ရွှင်ဝမ်းနည်းမှုက လှိုက်ခနဲပင်။ လွန်း ရှိသမျှအားပြု၍ အိမ်ထဲကို ဝင်လိုက်သည်ဆို မြင်လိုက်ရတဲ့နောက်ကျောပြင်ကြီးကို အင့်ခနဲ ​နေအောင် ဖက်လိုက်သည်။ ထို့နောက် အလိုက်မသိစွာ ကျလာတဲ့မျက်ရည်တွေနဲ့ပေါ့။
" သားငယ် ဘာဖြစ်လာတာလဲ မေ့ကို ပြောလေ "
" ဟင့်...မေမေ..."
လွန်း အမေကို ဖက်၍ ငိုလိုက်သည်။
" သား ဖိုးဝလုံး ပြောတော့ အစ်မသီတာ မြို့တက်သွားလို့ သားငယ် အစ်မသီတာ တူ အဖော်ရအောင် သွားအိပ်ပေးတာဆို "
လွန်း အမေဖြစ်သူနော်နန်း ပြောကာမှ အမေကို ပိုတိုး၍ ဖက်ကာ ငိုသည်။
"ဪ..မေ့သားလေးကို ဘယ်သူက ငိုအောင် လုပ်တာလဲ အမေ့ကို ပြော၊ အမေ သွားရိုက်မယ် "
" အဟင်...ဟင့်...အီး..ဟီး..."
ပြောကာမှ ပိုတိုးငိုလာတဲ့လွန်းကြောင့် နော်နန်း ခေါင်းလေးကို
ဖွဖွလေး ပုတ်ပေးသည်။