35
3.7K 213 6
                             အပိုင်း ( ၃၅ )
လွန်း မွေးဖို့ ရက်ချိန်းပေးထားတာ နောက်လဆိုပေမဲ့ တကယ့်တကယ် မွေးတော့ တစ်ပတ်အလိုမှာ မွေးခဲ့သည်။ မငယ်က လိုတစ်ပတ် ပိုတစ်ပတ် ကိုယ်ဝန်ဆောင်တွေ၏ မွေးဖွားမှုကြောင့် တစ်ပတ်အလိုကတည်းက Bangkokက ဆရာဝန်ကိုပါ တစ်ပတ်ကြိုလာဖို့ ခေါ်ထားလို့သာ ဆေးရုံမှာ
ဆရာဝန်က အဆင်သင့်ရှိနေသည်။
အခုလည်း ခွဲခန်းထဲကို ဝင်သွားသည်မှာ တစ်နာရီကျော်နီးပါး ရှိပြီ အပြင်ကနေ ကြီးမေ နော်နန်း မေသူတို့က အဂုင်္လိမာလသုတ်ကို အခေါက်ခေါက်အခါခါ ရွတ်ဖတ်နေသည်။ အဂုင်္လိမာလသုတ်ပဲ ရွတ်ဖတ်နေသည် မဟုတ် ပရိတ်ကြီး၁၁သုတ် အပြင် မဟာပဌာန်းဒေသနာတော်တို့ကိုပါ ရွတ်ဖတ်နေသည်။
အရာရာအဆင်ပြေ ချောမွေ့ပြီး သားလွန်းလေးရောမြေးလေးရော ခွဲခန်းအပြင်ကို ထွက်လာဖို့ ဆုတောင်းပါသည်။
နာရီလက်တံသည်လည်း တစ်ဆယ့်နှစ်ကို  ညွှန်ပြနေသည်။ ခဏအကြာ ခွဲခန်းတံခါးသည် ပွင့်လာပြီး ဒေါက်တာရွှန်းလဲ့ ထွက်လာသည်။ မျက်နှာမှာလည်း ပြုံးလို့ နေသည်။
မငယ် ခွဲခန်း ထွက်လာသည့်သူငယ်ချင်းအနား သွားလိုက်တော့
" လွန်းလွန်း မွေးပြီ ဘေဘီလေးရော လွန်းလွန်းရော ကျန်းကျန်းမာမာပဲ၊ ခဏနေကျရင် အခန်းထဲကို ရွေ့လိမ့်မယ်၊ အာ့ကျရင် တွေ့လို့ရပြီ "
ဒေါက်တာရွှန်းလဲ့က မေးမည်စကားများကို ကြိုတင်ကာ အဖြေပေးသည်။
" ဘာလေးမွေးလဲ ဒေါက်တာ "
ဘေးကနေ တစ်ချိန်လုံး ငြိမ်နေသည့် ဦးမဟာညိုက ကောက်ကာ မေးလိုက်သည်။ ရွှန်းလဲ့ မျက်လုံးလေး ကလယ်ကလယ် ဖြစ်သွားသည်။ ရွှန်းလဲ့ ဘေဘီလေး ဘာလေးလဲဆိုတာ အပျော်လွန်ပြီး သေချာမသိ။ လွန်းလွန်းလေးက ဘေဘီလေးကို  မွေးပြီဆိုတာကိုသာ ဝမ်းသာအားရ လာပြောပြခြင်း ဖြစ်သည်။
ဒေါက်တာရွှန်းလဲ့၏ ဇဝေဇဝါအကြည့်ကြောင့် အကုန်လုံး မျက်နှာက ပြုံးစိစိ ဖြစ်ကုန်ကြသည်။ ဘယ်ဒေါက်တာက ကိုယ်မွေးပေးသည့်လူနာ၏ ကလေးက ဘာလေးလဲဆိုတာ မသိတာ ဒေါက်တာရွှန်းလဲ့က ပထမဆုံး ဖြစ်မည်။