6
3.9K 274 4
                            အပိုင်း ( ၆ )
" လွန်း နင် မနေ့က ကြီးမေသီတာအိမ် ဟင်းသွားပို့တယ်ဆို "
ရွာထဲက အပျိုလေး တစ်သိုက် လွန်းအိမ်ကို လာ၍ အတွင်းသတင်း မေးမြန်းဖို့ ပြင်ဆင်နေသည်။
" ဟုတ်တယ် ဘာလို့လဲ နွယ်နွယ် "
လွန်းကတော့ ရိုးရိုးသားသား မေးလိုက်ပေမဲ့ အစကတည်းက မေးချင်နေကြတဲ့ အုပ်စုက မျက်လုံးတွေက အစ ကြယ်လေးတွေလို တလက်လက်တောက်ပနေကြပြီ။ ထိုထဲကမှ အိနြေ္ဒတည်နိုင်တဲ့ အပျိုကြီးမမသိမ့်။
" ကြီးမေ တူနဲ့ နင်နဲ့ ခင်လား "
" ဘယ်နှယ့် ခင်ရမှာလဲ "
" ဟင်...နင် ဟိုတစ်နေ့က ရွာထဲ သံချောင်းခေါက်တဲ့  ကိစ္စတုန်းကတောင် သူ့ဘက်က ဝင်ပြောတယ်ဆို "
" အဏ္ဏဝါဘက်က ဝင်ပြောတာ မဟုတ်ပါဘူး၊ ကြီးမေ မျက်နှာလည်း ရှိသေးတယ်လေ အာ့ကြောင့်ပါ..."
" အံမယ် အဏ္ဏဝါတဲ့ "
မိစုက မျက်နှာကို စပ်ဖြဲဖြဲလုပ်ကာ ပြောသည်။
" ပြောပါအုံး သူ့နာမည်က ဘယ်သူတဲ့လဲ "
ခင်သက်က ပြောသည်။
" လင်းအဏ္ဏဝါညိုတဲ့ ကြီးမေ မြို့က ညီမ သားတဲ့ "
" အံမယ် နင်က မသိလို့သာပေါ့၊ သိများသိရင်တော့...."
နွယ်နွယ် မှန်းရခက်ခက် စကားကို ပြောသည်။
" မသိမ့် နင်ပဲ သိချင်ပြီး လာတာလေ၊ အခုမှ အိနြေ္ဒကြီး တစ်ခွဲသားနဲ့ လုပ်မနေနဲ့ "
နွယ်နွယ် အကြောင်းသိ အချင်းချင်း ချက်ဆို မီးခွက်က မီးတောက်ပြီးသား။
" ဟဲ့နွယ်နွယ် မဟုတ်လည်း နင်တို့ မေးလို့၊ ငါတောင် ဝင်မေးစရာလိုလို့လား ပြောပါအုံး "
" ဟဲ့ သတ်မနေကြနဲ့၊ ​တော်ကြာ လွန်း စိတ်ညစ်သွားလို့
မပြောပြဘဲ နေလိမ့်မယ် "
မိစု မသိမ့်နဲ့နွယ်နွယ်ကြောင့် လာရင်းကိစ္စ ပြတ်သွားမှာစိုးလို့ ဝင်ဟောက်လိုက်သည်။
" လွန်း ဆက်ပြော "
ခင်သက် စကား ထောက်လိုက်သည်။