47
3.8K 170 1
                            အပိုင်း ( ၄၇ )
အဏ္ဏဝါ ကုတ်ကို ပစ်စလက်ခတ် ချွတ်ပစ်ပြီး ကြယ်သီးနှစ်လုံးလောက် ဖြုတ်ပစ်ပြီး ခုတင်ပေါ်တက်ကာ ဘုန်းခနဲပစ်လှဲချပြီး အိပ်နေသည့်သား ပါးပြင်ကို နှာခေါင်း နစ်ဝင်အောင်ထိ နမ်းလိုက်ပြီး သားကို ကျစ်နေအောင် ဖက်ထားသည်။
" အဏ္ဏဝါ သား အိပ်နေတာ ဆွမနေနဲ့ "
လွန်း ပြောတာကို အဏ္ဏဝါ ဂရုမစိုက် သားပါးပြင်တွေနဲ့ သူ့ပါးပြင်ကို ပွတ်တိုက်ပြီး သားကို မနိုး နိုးအောင် လုပ်နေသည်။ လွန်းမှာ ခုတင်ပေါ်က အမူးသမားကို ဘာပြောရမှန်း မသိ။
သူ ရစ်ချင်ရင် မပြီးနိုင်တော့ဘူး။ ဘာမဟုတ်တာလေးနဲ့လည်း ရစ်ချင် ရစ်​နေသည်။ အခုလည်း သား အိပ်နေတာကို လုပ်နေတာ။
" အဏ္ဏဝါ သား နိုးမယ်လို့ ပြောနေတယ် "
လွန်း မျက်ခုံးတန်းတန်းတို့ကို တမင်တွန့်ချိုးပြီး ကြည့်ပြောတော့ သူ့ကိုပင် ဂရုမစိုက်။ ပုံစံက သူ ဘာပြောပြော အဏ္ဏဝါက လုပ်မည့်သဘော။
" အင့် အွန့် "
သားက နိုးလာပြီး အဏ္ဏဝါလက်ကြားထဲကနေ ရုန်းထွက်သည်။ သားက လွန်းကိုလည်း အားကိုးတကြီး ကြည့်နေသည်။
" ဒယ်ဒီ့်သားက နိုးပြီလား "
" အင့် ဒယ်ဒီ ဆိုး "
သားက သူ့လက်ထဲကနေ ရုန်းနေပေမဲ့ သူ့လက်ကြားကနေ ရုန်းထွက်လို့မရတော့ ငိုမဲ့မဲ့လေး ဖြစ်နေသည်။
" ဖယ်! "
" အဏ္ဏဝါ သား ပြောနေတယ်လေ ဖယ်ပေးလိုက်အုံး "
သူက သား ဘာပြောပြောဂရုမစိုက်။ သားကလည်း ပုံမှန်ဆို သူ့ဒယ်ဒီအနားက မခွာပေမဲ့ အခု သူက မူးနေတော့ သားကကြောက်နေသည်။
" အား! "
" ပြန်လာခဲ့! ဘေဘီလုံး! "
" နိုး! လာဝူး! ဒယ်ဒီ မူး! "
သားက အဏ္ဏဝါ လက်မောင်းကို ကိုက်ချပြီး ရုန်းထွက်ကာ ခုတင်စွန်းမှာ မတ်တပ်ရပ်နေသည့်လွန်းနားကို ပြေးသွားသည်။ လွန်း သားကို ပွေ့ဖက်လိုက်ပြီး ခုတင်နဲ့ အနည်းငယ်အကွာမှာ ရပ်နေလိုက်သည်။ ခုတင်ပေါ်က လူက စိတ်ဆိုးမာန်ဆိုးနဲ့ သားကို ပြန်လာခဲ့ဖို့ပြောနေပေမဲ့ သားက လွန်းလည်ပင်း ကျစ်နေအောင် ဖက်ထားသည်။