26
2.7K 163 2
                             အပိုင်း ( ၂၆ )
အဏ္ဏဝါနှင့်လွန်း ရွာ ထန်းတောကို ဦးတည်လာသည်။
မြင်ရသူအဖို့ စိတ်အေးစေနိုင်သည်။
တစ်ယောက်က အရပ်မြင့်မြင့် မေးရိုးထင်းထင်း၊ တစ်ယောက်က ဖြူဝင်းသောအသားအရည်နဲ့ နှာခေါင်းထိပ်လုံးလုံးလေး။
လိုက်ဖက်သည်။ သိပ်ကို လိုက်ဖက်သည်။ သို့သော်  ယောင်္ကျားလေး နှစ်ယောက်ဖြစ်နေတာ တစ်ခုပဲ။
" ဪ...လွန်းလွန်းပဲ၊ ဘယ်သွားကြမလို့တုန်း "
အသားဖြူဖြူ  အရပ် ခပ်မြင်မြင့် ရိုးရိုးလေး ဝတ်ဆင်ထားသည်။
မြင်လိုက်တာနှင့် မြင်သူအဖို့ စိတ်ထဲ ကြည်နူးသွားစေသည့် အလှပိုင်ရှင်။
" ရွာ ထန်းတော သွားမလို့ မမငယ် "
" ငယ်လေးက ခေါ်တာမလား "
ဖြူစင်းညို အဏ္ဏဝါကို ကြည့်၍ ပြောသည်။ အဏ္ဏဝါ ကိုယ်လုံးကြီးကို ငယ်လေးလို့ ခေါ်တာ သိပ်တော့ မလိုက်ပေမဲ့ မငယ်ကတော့ ချစ်စနိုးနှင့် ခေါ်သည်။
" မဟုတ်ပါဘူး မမငယ်၊ ဘယ်သွားမလို့လဲ "
" မငယ် ရွာဦးဘုန်းကြီးကျောင်း သွားမလို့ လိုက်အုံးမလား "
" ဟီး လိုက်ခဲ့မယ် "
လွန်း ဘေးက အဏ္ဏဝါကို မျက်လုံးလေး မှေးကျသွားတဲ့အထိ ရယ်ပြပြီး အဏ္ဏဝါ လက်မောင်းကို ခိုတွဲလိုက်သည်။
လွန်းက အခုတလော အဏ္ဏဝါ၏အညှာကို သိနေသူ ဖြစ်သည်။
အဏ္ဏဝါ မျက်ခုံးအစုံကို တွန့်ကျိုးနေပြီ ထန်းတော သွားမှာကို အခု ဦးတည်ချက်က ဘုန်းကြီးကျောင်းတဲ့။
" ကိုကို လိုက်ချင် လိုက်သွား၊ ကျွန်တော်က မလိုက်ဘူး "
လွန်း မျက်နှာလေး ညိုးကျသွားသည်။ ဒါကို အဏ္ဏဝါ သိပါသည်။
နောက်ဆုံးတော့လည်း အဏ္ဏဝါ ကိုကို့ကို အလိုလိုက်ကာ ဘုန်းကြီးကျောင်းကို ဦးတည်ခဲ့သည်။ ထန်းတောတော့ ပြီးမှပဲ ကြည့်သွားရတော့မည်။
" မမငယ် နေ့လယ်က အဏ္ဏဝါနဲ့ ထည့်ပေးလိုက်တယ် "
" ဩ...အင်း၊ မငယ် စားလိုက်ရတယ် လွန်းလွန်း ချက်တာလား "