25
2.9K 160 0
                             အပိုင်း ( ၂၅ )
အဏ္ဏဝါ ပြန်ရမည့်ရက်က နီးလာခဲ့သည်။ သူတို့ ပြန်မည်ကို ကြီးမေကလွဲပြီး တခြား ဘယ်သူမှ မသိ။
သူတို့ကလည်း မပြောတော့ ဘယ်သူမှ မသိတာ မဆန်းပေ။ အနည်းဆုံး သားလွန်းကိုတော့ ပြန်တော့မှာ အသိပေးပါအုံးလား ဟု ကြီးမေက အဏ္ဏဝါကို ဆိုတော့ ကိုကို့ကို မသိစေချင်လို့သာ ပြန်ပြောခဲ့သည်။
မနက်ဖြန်ဆို သူတို့ ပြန်ရတော့မည်။ မငယ်က နံနက်စာ စားသောက်ပြီး ထွက်မည်ဟု စီစဉ်ထားသော်လည်း အဏ္ဏဝါက ထိုသို့မဟုတ် နံနက်စောစော မိုးမလင်းမီ ထွက်မည်ဟု အစီအစဉ် ပြောင်းခဲ့သည်။
နံနက်စာကို တစ်နေရာရောက်မှ စားကြပေါ့ဟု ပြောခဲ့သည်။
သူက မခေါ်ဘဲနဲ့ ရောက်လာသူ။
မနှင်ဘဲနှင့် ပြန်မည့်သူ။
သူ ဒီလောက်တော့ အတ္တကြီးခွင့် ရှိတယ်မလား။
အဏ္ဏဝါ ဒီလိုစီစဉ်တာလည်း မမှားပေ။ လွန်းက နံနက် ခြောက်ခွဲဆို သူတို့စားဖို့ တစ်ခုခု လာပို့သည်။
အခုလည်း အဏ္ဏဝါက မနှိုးသေးဘူး လွန်းက အဏ္ဏဝါတို့ စားဖို့ လာပို့နေသည်။
" လွန်းလွန်း ဘာလာပို့တာလဲ "
" မမငယ်တို့ စားဖို့ ဆီထမင်း လာပို့တာ "
" အတော်ပဲ ကြီးမေက ငါးခြောက်ဖုတ်ကိုမှ ပဲဆီလေး ဆမ်းထားတာ၊ ဟင်းဟင်း စောစောကပဲ ဖိုးအောင်က အကြော်စုံ လာပို့သွားသေးတယ် မငယ်တော့ မြိန်လိမ့်အုံးမယ် "
" မမငယ် နေ့လယ်စာ ဘာစားချင်လဲ ပြောလေ၊ ချက်ပြီး လာပို့ပေးမယ်လေ "
" မငယ်က အာ့လိုဆို မပြောတတ်ပါဘူး၊ လွန်းလွန်းပဲ နေ့လယ်စာ စီစဉ်ပေးလေ "
" ဟုတ် မငယ်၊ အဏ္ဏဝါ မနိုးသေးဘူး "
လွန်း အိမ်မကြီးပေါ်ကို ကြည့်ပြီး မေးသည်။ လွန်းလည်း ဒီနေ့ သူ့အိမ်မှာ သူ အိပ်သည်။ အဏ္ဏဝါလည်း ညက ကိုကို့ကို ပြန်ပို့ပြီး ကြီးမေအိမ်ကိုသာ ပြန်လာသည်။
ညက အဏ္ဏဝါ တော်တော်နှင့် အိပ်မပျော်ပါ။ ပြန်ရတော့မည်ဟု စဉ်းစားတိုင်း လူက ဘယ်လိုမှ ထိန်းချုပ်လို့ မရ....။