7
4K 262 7
                           အပိုင်း ( ၇ )
အဏ္ဏဝါ လွန်း အိမ်ကနေ ထွက်လာတဲ့ လမ်းတစ်လျှောက် ရွာထဲက လူတွေက ကွက်ကြည့် ကွက်ကြည့် လုပ်နေကြသည်။
အဏ္ဏဝါ မသိသလိုပဲ လမ်းကို ဆက်လျှောက်နေသည်။ တွေ့ပါပြီ သူနဲ့မျက်နှာချင်းဆိုင်ဆီကို လျှောက်လာနေသည့်အုပ်စု မျက်မှေး လက်ထဲမှာလည်း ကြက်ကြီး ပိုက်၍ မြှောက်ကြွမြှောက်ကြွနဲ့၊  အဏ္ဏဝါ အချဉ်ပေါက်လာသည်။ ရှေ့မှာ ရှိတဲ့သူ့ကို မြင်ရဲ့လားတောင် မသိပါ။
" ဖေ့သားကြီး ဒီနေ့လည်း နိုင်အောင် မ,ပေးအုံးကွာ "
အောင်ခန့် မျက်မှေးလက်ထဲက ကြက်ကြီး လည်ဆံကို ပွတ်ကာ ပြောသည်။ ဇေယျာလည်း အားကျမခံ ပြောသည်။
" ဟုတ်တယ် ဖေ့သားကြီး၊ ဒီနေ့လည်း ဒီအဖေတွေကို နိုင်အောင် ချပေးအုံး "
မျက်မှေးကတော့ လက်ထဲက ကြက်အမွှေးတွေကို ပွတ်သပ်ကာ ပုတ်၍ေ​ပျာ်မဆုံးဖြစ်နေသည်။ သူရ ကြက်ဖကြီးကို ချီးကျူးကာ ပျော်မဆုံးဖြစ်နေတဲ့ မျက်မှေးတို့သုံးယောက်ကို ကြည့်ကာ.....
" စိတ်မပူပါနဲ့၊ ဒီကောင်ကြီး မနေ့ကလည်း ချထားသေးပေမဲ့ ဒီနေ့လည်း နိုင်မှာပါ၊ ဟုတ်တယ်မလား ဖေ့သားကြီး..."
စကားမပြောတတ်တဲ့ ကြက်ကို မေးနေသည့် သူရပါ။ သူရကတော့ သူ့အကြံနှင့်သူ ဟုတ်နေသည်။ အခုချိန်ထိ သူတို့ အဏ္ဏဝါကို မမြင်သေး၊ အဏ္ဏဝါ မျက်နှာကို မော်ချီကာ ဘောင်းဘီအိတ်ကပ်ထဲကို လက်နှိုက်ကာ သူ့ဆီလျှောက်လာနေတဲ့ ငါးယောက်ကို စူးစိုက်ကြည့်နေသည်။
အောင်ခန့် လျှောက်နေရင်း လေထုထဲက အချဉ်နံ့နဲ့ အေးစက်တဲ့အငွေ့အသက်ကို ခံစားမိနေသည်။ အောင်ခန့် ဘေးဘီကို ဝဲကြည့်လိုက်တော့ ရှေ့မှာ စူးစိုက်ကြည့်နေတဲ့ အဏ္ဏဝါကို တွေ့သွားသည်။ အကြည့်နှင့်သာ သေနိုင်ရင်
အောင်ခန့် အဏ္ဏဝါ အကြည့်တွေနဲ့ အကြိမ်ကြိမ် သေနေပါပြီ။
အောင်ခန့် မျက်နှာကို အတတ်နိုင်ဆုံး အချိုသာဆုံး ပြုံးကာ အဏ္ဏဝါ ပုခုံးကို ဖက်လိုက်ပြီး.....
" သားကြီး ဘယ်တွေ ပျောက်နေတာလဲ "
အဏ္ဏဝါ သူ့ကို ပြုံးပြကာ ပခုံးလာဖက်တဲ့ သကောင့်သား မျက်နှာက အပြုံးက သူ့အတွက်​တော့ မချိုမချဉ်အပြုံးသာ ဖြစ်သည်။ လက်ကိုလည်း ပုတ်ချလိုက်သည်။