Special Short Extra 📝
2.6K 160 6
Special Short Extra
ချက်! ချက်! ချက်!
လင်းအဏ္ဏဝါညို လက်မှ နာရီ၏စက္ကန့်တံကို စိုက်ကြည့်နေမိသည်။ သူ၏ရုံးခန်းအတွင်း၌ နာရီသံ တချက်ချက် မြည်သံက ကြီးစိုးနေသည်။
အခုတလော ကိုကို၏ခြေလှမ်းများသည် သိပ်ပျက်နေပါသည်။ သူ့ကိုလည်း ဂရုမစိုက်၊ သားကိုလည်း ဂရုမစိုက်နဲ့ ပြီးပြည့်စုံလွန်းက နာချင်နေပြီနဲ့တူတယ်။
ဒီနေ့လည်း သူ မနိုးသေးဘူး၊ အလုပ်ကို ထွက်သွားပြီ။ သားကလည်း သူ့ဖေကို မတွေ့လို့ ဂျီကျနေတာ။ သူ့မှာ ရုံးနောက်ကျရသည်။ ဖေချစ်သားက နံနက်ဆို သူ့ဖေ လုပ်ကျွေးတဲ့ ပဲနို့နဲ့ပန်ကိတ် မစားရရင် ဂျီလွန်းသည်။
ဆယ့်နှစ်နာရီခွဲလို့ တစ်နာရီပင် ထိုးတော့မည် အခုထိ သူ့ကို နေ့လယ်စာ လာမပို့သေးဘူး။ သားက မငယ်နဲ့ လိုက်သွားသည်။ သူ့မှာ နံနက်ကတည်းက ကော်ဖီတစ်ခွက်နဲ့ ဗိုက်ဖြည့်ထားရတာ။
Ti!
အင်တာကွန်းမှ အသံထွက်လာသည်။
" ပြော! "
" နောက်နာရီဝက်နေရင် မိတ်ဖက်ကုမ္ပဏီနဲ့ အစည်းအဝေးအတွက် အဆင်သင့် ဖြစ်နေပါပြီ ဥက္ကဌ "
" အင်း ခဏနေရင် ထွက်ခဲ့မယ် "
အဏ္ဏဝါ ဖုန်းကို တစ်ချက်ကြည့်လိုက်ပြီး ကိုကိုဆိုပြီး အသည်းလေးနဲ့ မှတ်ထားသော contact nameကို နှိပ်ဖို့ပြင်ပြီးမှ ဖုန်းကို ပိတ်ပစ်သည်။
အဏ္ဏဝါ ချိတ်ထားသည့်ကုတ်ကို ဆွဲယူပြီး ဝတ်လိုက်သည်။ ထို့နောက် Meeting Roomသို့ ထွက်သွားသည်။ သူ၏ဗိုက်သည် အလွန်ကိုဆာလောင်နေသည်။
အစည်းအဝေးသည် နှစ်နာရီနီးပါးမျှ ကြာသွားသည်။
" မနက်ဖြန် နယ်ဘက်ကို သွားရပါ့မယ် ဥက္ကဌ၊ စက်ရုံမြေနေရာအတွက် ဥက္ကဌ လက်မှတ်ထိုးပြီး ငွေချေပြီးတာနဲ့ လုပ်ငန်း စလို့ရပါပြီ "
" အင်း၊ မနက်ဖြန်အတွက် စီစဉ်ထားလိုက်၊ Brandသစ် promotion တုံ့ပြန်မှုကရော....."
" အခြေနေကောင်းပါတယ် ဥက္ကဌ၊ တဖန်ပြန်လည် ဆန်းသစ်ပြီး ထုတ်လိုက်တော့ လူကြီးလူငယ်မရွေး ကြိုက်နှစ်သက်ကြပါတယ်၊ productက ဆယ်ကျော်သက်လေးတွေအပေါ် ပိုပြီးထိရောက်ပါတယ်၊ တက္ကသိုလ်ကျောင်းသားလူငယ်တွေက အခုလို romanceဆန်တာလေးကိုမှ ပိုပြီး ကြိုက်နှစ်သက်နေတော့ နောက်ထွက်မဲ့ productကိုပါ လူငယ်တွေကို အဓိက Targetထားပြီးမှ လူကြီးပိုင်းကို ဆွဲဆောင်ဖို့ လုပ်ထားပါတယ် "