Ep.1 ပက္ခရာမောင်

5.8K 113 26
                                    

Ep.1 ပက္ခရာမောင်

#Photocrd

"ဒီလမ်းကြောင်းကနေ လက်ဝဲအမတ်တော်
မတရားအခွန်ကောက်ထားတဲ့ အသပြာတွေတင်ဆောင်လာတဲ့လှည်းလာလိမ့်မယ်...နောက်နှစ်ရက်မှလာမှာဖြစ်တဲ့အတွက်ကျွန်ုပ်တို့မှာပြင်ဆင်ချိန်ရှိသေးတယ်...သက္ကခွန်ပ အသင်ကဒီလမ်းမှာဓားပြတွေရှိတယ်လို့သတင်းလွှင့်လိုက် ဒါဆိုရင်သူတို့သေချာပေါက်တခြားလမ်းကလာလိမ့်မယ် အဲ့ဒီလမ်းက ကျဉ်းမြောင်းလို့ သူတို့လူခွဲလာရလိမ့်မယ် ဒါဆိုကျွန်ုပ်တို့ကလူနည်းတဲ့အဖွဲ့ကိုဝင်တိုက်ပြီးအသပြာတွေထည့်ထားတဲ့သေတ္တာကိုယူလာခဲ့မယ်...နားလည်ပါလား"

ပက္ခရာမောင် သေချာရှင်းပြတာကိုအဖွဲ့သားတွေအာရုံစိုက်နားထောင်ပြီးမှ အကြံဉာဏ်ကိုလက်ခံကြသည်။

သက္ကခွန်ပ ကသတင်းလွှင့်ရန်တာဝန်ကျသဖြင့်အရပ်ထဲလိုက်လည်ကာသတင်းဖွသည်။
စစ်မင်းမူကလဲထိုနည်းတူသတင်းဖွပေးသည်။
ယခုတဲထဲမှာကျန်ခဲ့သည်က ပက္ခရာမောင် နှင့် ကျန်ဇေရာမ ပင်ဖြစ်သည်။ ပက္ခရာမောင် တို့အဖွဲ့ကိုယုံကြည်ရသူများနှင့်သာဖွဲ့စည်းထားသည်။ ထိုထဲတွင် ပက္ခရာမောင် ၊ သက္ကခွန်ပ ၊ စစ်မင်းမူ ၊ ကျန်ဇေရာမ တို့လေးယောက်ကသာအဓိကလုပ်ဆောင်သည်။

အာဏာနှင့်ငွေပဲသိတဲ့မင်းကြီးဆီကနေ အသပြာတွေဓားပြတိုက်ရတာကမခက်ခဲ...။ မင်းကြီးနောက်လိုက်တွေလဲထိုနည်းတူသာပင်...။ ခေါင်းထဲမှာငွေပဲရှိပြီး စဥ်းစားဉာဏ်မရှိကြ...။

"အဟား ဇေရာမရေ ကျွန်ုပ်တို့တော့မင်းကြီးငယ်သားတွေဖြစ်ကြမဲ့ပုံကိုမြင်တွေ့ရအုံးမယ်ပါ့"

"နောင်ကြီး ပက္ခကအကြံကြီးပေသည်မို့ပါ"

"ဇေရာမတို့လို ရောင်းရင်းကောင်းတွေရှိလို့လဲကျွန်ုပ်အကြံတွေရှိတာပါဗျာ..."

"ဟုတ်ပါပြီဗျာ..."

တစ်ဖြေးဖြေးတောင်စွယ်တွေကြားငုပ်လျှိုးသွားသောနေမင်းကြီးကိုကြည့်ရင်းအချိန်ဖြုန်းခဲ့ကြသည်။ ကောင်းကင်မှာကြယ်လေးတွေနေရာယူသည်ထိ ဇေရာမနှင့်စကားကျနေမိသည်။ အချိန်အတော်လင့်ခါမှလုပ်စရာရှိတာလုပ်ဖို့ကျေးရွာတွေဆီထွက်လာခဲ့သည်။ ပက္ခရာမောင်တို့အဖွဲ့တွင် လူတစ်ဆယ့်ငါးယောက်သာရှိသည်။ သို့ပေသီ လည်းစည်းလုံးခြင်းကြောင့်ယခုချိန်ထိမင်းကြီးလက်အောက်ဝယ်ထောင်စခန်းမသီရခြင်း...။

ချစ်မော်ကွန်း ရင်မှာတည် ( Complete ) Where stories live. Discover now