Ep.17 ချစ်မိပါပြီဓိညာရယ်

299 17 1
                                    

Ep.17 ချစ်မိပါပြီဓိညာရယ်









"အာ....ဓိ...ဓိညာ...မနောက်ပါနဲ့ခင်ဗျ"

သူ့လက်နှစ်ဖက်ကိုနောက်ပြစ်လိုက်ပြီးရှက်နေတဲ့မောင့်မျက်နှာနားကို သူ့မျက်နှာဖြင့်နီးကပ်စေလိုက်သည်။ မောင်တစ်ဖြေးဖြေးအနောက်ဆုတ်သွားတာကိုလဲသူမြင်ရသည်။ သူ့မျက်နှာနဲ့မောင့်မျက်နှာထိကပ်ခါနီးမှ ရပ်လိုက်ပြီး မျက်လုံးတွေမှိတ်ကျသည်ထိပြုံးပြလိုက်သည်။

ပြီးမှအနောက်ပြန်ဆုတ်ပြီး မောင့်မျက်နှာကိုစေ့စေ့ကြည့်ကာ...

"ငါမနောက်ဘူးမောင်...ငါမင်းကိုချစ်တယ်...ငါမင်းကိုလက်ထပ်ချင်တယ်...မင်းကိုငါ့အနားမှာတစ်သက်လုံးခေါ်ထားချင်တယ်"

ဓိညာ၏တည်ငြိမ်သောမျက်လုံး လေးနက်သောအဓိပ္ပါယ်များဖြင့်ပြောသောစကားတို့ကြောင့် ရာမောင်၏ ရင်ခုန်သံတို့မှာ အတိုင်းအဆမဲ့...။ အဘယ်ကြောင့်မြန်း မျိုးတူယောကျာ်းသားဖြစ်ပါလျှက်နဲ့ ကျုပ်ကိုရင်ခုန်အောင်လုပ်နိုင်ရတာလဲဓိညာရယ်...။

"ဓိညာ...အဲ့....အဲ့ဒါကလေ..."

"ငါထပ်ပြောမယ်...မောင်ငါ့ကိုအဖြေမပေးချင်လဲရတယ် မောင်အဓိကသိထားရမှာက ငါမောင့်ကိုချစ်တယ်ဆိုတာပဲ...နောက်ပြီးမောင်ကငါ့အပိုင်...ငါကလဲမောင့်အပိုင်ပဲ...တစ်ဖက်သက်ဆန်တယ်ထင်ချင်လဲထင်...မောင်ကအမြဲငါ့အပိုင်ပဲ"

"ဟိုဟာလေ...ဟို...ကျွန်တော်..."

"ရပြီ...ဘာမှမပြောနဲ့တော့...ဒီနေ့ဘယ်ဘုရားသွားမှာလဲ အဲ့တာပဲပြော"

"ဟို...ရွှေ..ရွှေစည်းခုံသွားရအောင်လား"

"ငါကအဲ့လောက်ထိကြောက်ဖို့ကောင်းနေလားမောင်..."

"ဗျာ..."

အူတူတူလုပ်နေတဲ့မောင့်ကိုသူစိတ်လဲသိပ်ရှည်လှပါပြီ...။ အရှက်ကြီးတဲ့မောင်ကသူ့ကိုသိပ်ပြုစားတာပဲ...။ ဘာတွေပဲဖြစ်နေပါစေ မောင်ဟာအမြဲသူ့အပိုင်ပဲ...။ မောင့်ကိုသူ့ဆီကလူယူချင်တဲ့သူရှိရင်လဲအဲ့ဒီသူသွားရမှာ မောင့်ရင်ခွင်တော့မဟုတ်ဘူး သချိုင်းပဲဖြစ်လိမ့်မယ်...။

"မဖြေချင်လဲမဖြေနဲ့...သွားမယ်"

"ခန!"

စိတ်ကသိပ်မကြည်ချင်တော့တာကြောင့် ဘုရားကိုခပ်မြန်မြန်သွားဖို့လှည့်ထွက်မည်အလုပ် သူ့လက်ကောက်ဝတ်ကိုဆုတ်ကိုင်လာတဲ့မောင့်လက်တို့ကြောင့်ဆက်လှမ်းမဲ့ခြေလှမ်းတွေရပ်သွားရသည်။

ချစ်မော်ကွန်း ရင်မှာတည် ( Complete ) Tempat cerita menjadi hidup. Temukan sekarang