Ep.16 ပြုစားနိုင်လွန်းပါတယ်ဓိညာရယ်

209 21 0
                                    

Ep.16 ပြုစားနိုင်လွန်းပါတယ်ဓိညာရယ်








ရှေ့ကဦးအောင်ထွက်သွားတဲ့သခင်လေးကျောပြင်ကိုငေးကြည့်ရင်း အတွေးထဲစိုးမိုးလာသည့်ဝမ်းနည်းရိပ်များ...။

"ညီမအပေါ်မကောင်းပေးပါနဲ့သခင်လေးရယ် ညီမကတွယ်တာလွယ်သူမို့တစ်ချိန်ချိန်ကျရင်ခက်ရချေရဲ့..."

တစ်ပိုင်းတစ်စအတွေးတို့ကိုလက်စသတ်ပြီး သခင်လေးနောက်အမှီလိုက်ကာ ထမင်းခူးပေးရသည်။ အခုတစ်လောငါးပိရည်မပါရင်ထမင်းမစားတတ်တဲ့သခင်လေးကြောင့် သူငါးပိရည်ကောင်းကောင်းလေးကြိုပေးထားသည်။

"ရှူး....ရှဲ....ဟူး.....Alexနဲ့Jhonရောလာမစားဘူးလား...ရှူး..."

နဂိုထဲကအစပ်မစားနိုင်သူမို့မျက်နှာလေးမှာရဲနေပြီး နဖူးနှင့်နှာထိပ်လေးတွင်ချွေးလေးကစို့လျှက်...။ ပယင်းရောင်မျက်လုံးလေးမှာစပ်လွန်းလို့ မျက်ရည်လေးပင်တွဲခိုနေပြီ...။

"သွားခေါ်ထားပါတယ်သခင်လေး..."

အင်း တစ်လုံးတောင်ပြန်မပြောနိုင်သည်ထိ ထမင်းကိုသဲကြီးမဲကြီးငုံ့စားနေတဲ့သခင်လေးပါလေ...။ စပ်လွန်းသော်ငြားရေပင်မသောက်နိုင်လောက်အောင် ငါးပိရည်ကိုစားတဲ့အကြောင်းအရင်းကဘာမြန်းပါလိမ့်...။

သခင်လေးထမင်းစားလို့ပြီးသွားမှ ဟိုအကိုနှစ်ယောက်ကအခန်းထဲကထွက်လာကြပြီးထမင်းလာစားကြသည်။ သခင်လေးကတော့အိပ်သွားချေပြီ...။

"အဝေရာ....အဝေရာ..."

အခန်းထဲကသခင်လေးခေါ်သံကြောင့်သူသခင်လေးအခန်းဝကိုသွားလိုက်ပြီးပြန်ထူးလိုက်သည်။

"သခင်လေးခိုင်းစရာရှိလို့လားရှင့်"

* ဂျောက် *

အခန်းတံခါးကရုတ်တစ်ရက်ပွင့်လာပြီး အထဲမှသခင်လေးကခေါင်းထွက်လာကာ...

"အဝေရာ အကို့ကိုတရုတ်စကားပန်းခူးပေးနိုင်မလား.....မနက်ကျမှလေ"

"ဟုတ်ရပါတယ်အကိုလေး...အဝေရာခူးပေးပါ့မယ်"

"စောစောလေးခူးပေးနော်အဝေရာ.....အခုတော့အိပ်တော့"

ချစ်မော်ကွန်း ရင်မှာတည် ( Complete ) Where stories live. Discover now