Ep.14 ငါးပိရည်နှင့်အရေးပိုင်မင်းသား

234 20 1
                                    

Ep.14 ငါးပိရည်နှင့်အရေးပိုင်မင်းသား







"ကျုပ်တို့ကိုဘုရားစုံအောင်လိုက်ပို့ရမယ်နော်အကိုကြီးရာမောင်"

အနောက်ကထွက်ပေါ်လာတဲ့မင်းမူစကားကိုသူခပ်ပြုံးပြုံးလုပ်ပြီး

"လိုက်ပို့ပေးပါ့မယ်မင်းမူ...သွားချင်တဲ့နေရာသာလက်ညှိုးထိုးလိုက်ပါ"

"အချိန်ကအများကြီးတော့မရဘူးဗျ...ဖွားဖွားကြီးကမှာလိုက်တယ်ဗျ...မြန်မြန်ပြန်လာသားမင်းမူတဲ့"

"အင်းပေါ့ကွာ...ငါလဲဖွားဖွားကြီးကိုမတွေ့ရတာကြာလှပြီ....အေးအေးချမ်းချမ်းရှိတဲ့တစ်နေ့ကျရင်တွေ့အုံးမှပါ"

အေးချမ်းသောအပြုံးလေးနှင့်ပြောတော့ မင်းမူနှင့်ရာမမှာ ပက္ခရာမောင်ကိုကြည့်ပြီးပီတိတဖြာဖြာ...။ သူတို့အကိုကြီးဟာလေ...ဘယ်လိုနေနေချောလှပါတယ်...။

အာနန္ဒာဘုရားကိုလှည့်ပတ်ကြည့်ပြီးသွားတော့ မင်းမူကဗိုက်ဆာတယ်ဟုပြောတာကြောင့် ထမင်းဆိုင်ဝင်ထိုင်ရသေး...။ မြင့်ကျော်ကတော့ အပေါင်းသင်းရောင်းရင်းတွေက ကြက်တိုက်လာခေါ်တာမို့လိုက်သွားလေရဲ့...။

"ဘာစားကြမလဲ"

"ဘာပဲဖြစ်ဖြစ်ကျုပ်တို့ကစားတယ်ဗျ အကိုကြီးပဲ ကြီးကြပ်မှာလိုက်ပါ"

ရာမရဲ့စကားကိုသူလက်ခံလိုက်ပြီး စားပွဲထိုးလေးကိုလှမ်းခေါ်လိုက်သည်။

"အကိုတို့ဘာမှာမလဲဗျ"

"ထမင်းဖြူသုံးပွဲ ၊ ကြက်မြစ်ကြက်သဲတစ်ပွဲ ၊ ဝက်သားသရက်သီးနှပ်တစ်ပွဲ ၊ ပဲဟင်းရည်လေးတစ်ပွဲ ပေးပါညီလေး"

"ဟုတ်ကဲ့ခင်ဗျ"

ထိုစားပွဲထိုးလေးကသူမှာတာတွေမှတ်ထားပြီး မီးဖိုထဲပြန်ဝင်သွားသည်။ သူမှာပြီးမှ မင်းမူကသူ့ကိုကြည့်ကာ ပြုံးစိစိ...။

"ကျုပ်မျက်နှာမှာဘာတွေပေနေလို့ဒီလောက်ပြုံးနေရတာလဲမင်းမူ"

သူ့စကားကိုကြည့်တော့ ရာမကအခါးရေသောက်နေရာမှခေါင်းမော့ကြည့်လာသည်။ မင်းမူကငှယ့်ထားပြီးသားအခါးရေတစ်ခွက်ကိုမော့လိုက်ပြီးမှ...

ချစ်မော်ကွန်း ရင်မှာတည် ( Complete ) Where stories live. Discover now