Ep.4 အချစ်အဘိဓာန်

377 36 7
                                    

Ep.4 အချစ်အဘိဓာန်

ဓိညာနှင့်တွေ့ခဲ့ရတာကြောင့်ရယ် အမောင်ဓိညာအပေါ်ထားတဲ့ခံစားချက်များစစ်မှန်ခြင်းကြောင့်ရယ် အပျော်ဓာတ်တွေဟာမဖိတ်ခေါ်ဘဲ ပိုလျှံလာရသည်။ အမောင့်အသက်သွေးလေးက ယောက်ကျားပျိုတစ်ဦးဆိုတဲ့ဘာဖြစ်သလဲ အမောင် အသက်သွေးလေးကိုချစ်တယ်။
ဘုရင်ကိုမုန်းပေသော်လည်း အမောင်အသက်ကိုတော့မမုန်းပါရစေနဲ့...။ ခမည်းတော်ခြေရာတိုင်းကာ မမိုက်ပါနဲ့အမောင့်အသက်ရယ်...။

အသက်သွေးလေးကအမောင့်ကိုပြန်ပြီး ချစ်မေတ္တာပြန်သွယ်ဖို့ဆိုတာအိမ်မက်လိုပဲအသက်ရယ်...။ အမောင်ကဒီမြေလွှာမှာကျိန်စာမိလူသားရယ်မို့ အမောင့်အသက်ကိုချစ်မြတ်နိုးမိတာထင်ပါ့။ အသက်လည်းတချိန်အဘယ်သို့မိန်းမပျိုကိုချစ်မြတ်နိုးမည်လဲအမောင်သိချင်စမ်းပါရဲ့...။

ယောက်ကျားသားဘဝရခဲသော်လည်း အသက်သာ ဆန္ဓရှိရင် အမောင်မိန်းမပျိုလေးတစ်ဦးဖြစ်ချင်ပါရဲ့...အမောင့်အသက်သာချစ်မယ်ဆို အမောင်ဘဝတစ်ခုလုံးအသက်ဘေးမှာ မိန်းမပျိုအဖြစ်နေပေးချင်ပါတယ်။ အမောင်အသက်ကိုအဲ့သလောက်ထိချစ်တယ်အသက်ရယ်...။

အမောင်ဟာအတ္တမကြီးသူမို့ အသက်သာဆန္ဓရှိရင် အမောင်ကလေအသက်ကိုအခြားမိန်းမငယ်နဲ့လဲပျော်ပျော်ကြီးလက်ဆက်ပေးနိုင်တယ်။ ဒါဟာ အသက်ကိုမချစ်လို့မဟုတ်ပေ...အမောင်အသက်ကိုချစ်လွန်းလို့...အမောင်သာအတ္တကြီးရင် အသက်မျက်အိမ်နုနုဆီကနေ မျက်ရည်မိုးလေးတွေရွာသွန်းမှာမကြည့်ရက်လို့ပါ။ အမောင်ကလေ အမောင်ပျော်ရွှင်ပြီး အသက်မျက်ရည်မြင်ရတာထက် အမောင်ရင်ကွဲပြီးအသက်ပျော်တာကိုပဲမြင်ချင်တာ...။

"နောင်ကြီးပက္ခ လမ်းမှားနေသဗျ..."

"ဟေ..."

ပက္ခရာမောင်သေချာပြန်ကြည့်လေမှ လမ်းမှားဘက်သို့ဦးတည်နေခြင်း...။ ကျန်ဇေရာမကလဲအထူးအဆန်းလိုကြည့်နေသည်။ အေးပေါ့လေ... ကျွန်ုပ်မှလမ်းတစ်ခါမျှမမှားဖူးဘဲ...။ မျက်နှာမူနေသောတောလမ်းကိုကျောခိုင်းခဲ့ပြီး နွယ်မြက်သစ်ပင်ပိုထူလှပါသောတောလမ်းဘက်သို့မျက်နှာမူလိုက်သည်။ အမြဲတစေရှုရှိုက်နေရသောပဏ္ဏာမြိုင်တောထဲရှိလေထုထဲရောက်မှ ကိုယ်မှာစွဲကျန်ခဲ့သော စံပယ်နံ့လေးသင်းသင်းလေးကိုရသည်။ ချစ်ရသူ၏ကိုယ်သင်းနံ့လေး အမောင့်ကိုယ်ပေါ်စွဲထင်ခဲ့ရသည်မှာ ကြည်နူးစရာလေးတစ်ခုပင်...။

ချစ်မော်ကွန်း ရင်မှာတည် ( Complete ) Where stories live. Discover now