Ep. 19 ခွဲခွာရချိန်မောင့်အသက်အတွက်လွမ်းစကား

229 21 1
                                    

Ep. 19 ခွဲခွာရချိန်မောင့်အသက်အတွက်လွမ်းစကား


AN = ဒီအပိုင်းမှာ "ထာဝရမန္တလေး " သီချင်းဖွင့်ပြီးဖတ်ရင်ပိုကောင်းမယ်လို့ကျွန်တော်ကတော့ထင်တယ်ခင်ဗျ💓











မောင်နဲ့အတူနေဝင်ချိန်အတူကြည့်ပြီးတော့မှောင်ရီစပျိုးနေပြီမို့ဒီနေ့အဖို့လုံလောက်သွားပါပြီ။

"လိုက်ပို့ရအုံးမလားဓိညာ..."

"ရပါတယ်...မောင်သာကောင်းကောင်းပြန်"

မောင်ကသူ့စကားကိုကြားတော့ပြုံးပြပြီးခေါင်းငြိတ်ပြသည်။ မောင့်လက်ကိုသူဆွဲယူလိုက်ပြီး အသာအယာငုံ့နမ်းလိုက်သည်။ ချစ်သူဖြစ်သွားလည်း မောင့်ဖက်ကသူ့ကိုစကားနှင့်ချစ်ကြောင်းပြောရုံ လက်ဖဝါးကိုနမ်းရုံမျှသာ။ အခြားဘာအခွင့်အရေးမှမယူခဲ့ သူဟာယောကျာ်းသားတစ်ဦးဖြစ်ပါလျက်နဲ့တောင်မောင်ဟာသူ့ကိုတန်ဖိုးထားသည်။ သူနစ်နာစေမယ့်ကိစ္စမျိုးမပြောနှင့် စကားနဲ့ပင်သူ့ကိုထိခိုက်အောင်မလုပ်ဖူး...။

"အင်း"

ထွက်သွားတဲ့မောင့်ကျောပြင်ကိုကြည့်ရင်းခံစားချက်ကဆွေးမြေ့မြေ့။ တစ်ချိန်ကြရင်ဒီပုဂံမြို့ကြီးကိုရော...မောင့်ကိုပါစွန့်ခွာသွားရမယ်ထင်တယ်။ အတွေးဖြင့်တွေးရုံနဲ့ပင် ပါးပြင်ပေါ်ပူနွေးနွေးမျက်ရည်တစ်စက်က ကျဆင်းလာသည်။ ကျေးဇူးတင်ပါတယ်မောင် အရာအားလုံးအတွက်...။

"သခင်လေး....ပြန်ကြရအောင်လေ"

"ဟင်...အင်း...ပြန်ကြမယ်"

..............ချစ်မော်ကွန်းရင်မှာတည်.............

"အကိုကြီး! ပြန်လာပြီလားဗျ"

မြင့်ကျော်ကိုမြင်တော့သူပြုံးပြလိုက်သည်။ သူ့စိတ်ထဲနေလို့မကောင်း...တစ်ခုခုကိုဆုံးရှုံးရတော့မလိုခံစားနေရသည်။ အိပ်ယာထဲဝင်လှဲရန်ပြင်တော့ မြင့်ကျော်ကစကားစလာသည်။

"အကိုကြီး! မမမြတ်ရဲ့ဧည့်သည်ရောက်လာတယ်ဗျ နာမည်ကတော့ဘာဆိုလား သက္က...ဘာဆိုလားပဲ"

မြင့်ကျော်ပြောမှသူသတိရသည်။ မြတ်ရဲ့ဧည့်သည်လာမှာပဲသူမေ့နေတာ။

ချစ်မော်ကွန်း ရင်မှာတည် ( Complete ) Waar verhalen tot leven komen. Ontdek het nu