Ep.8 ရစ်နှောင်ခဲ့သောမေတ္တာကြိုးငယ်

289 25 1
                                    

Ep.8 ရစ်နှောင်ခဲ့သောမေတ္တာကြိုးငယ်








ဓိညာစကားကိုကြားတော့ အဖွားအိုကခေါင်းတစ်ငြိမ့်ငြိမ့်လုပ်ကာ အစီအရင်စရန်လိုအပ်သောပစ္စည်းများကိုယူလိုက်သည်။

အဖွားကမ်းပေးတဲ့ဓားတစ်ချောင်းကိုယူလိုက်ကာ လက်ကောက်ဝတ်နေရာသို့လှီးဖြတ်လိုက်သည်။ ပန်းထွက်လာသောသွေးများနှင့်နာကျင်မှုကိုလျစ်လျူရှုကာ ထိုသွေးများကိုခွက်တစ်ခွက်ထဲခံပေးလိုက်သည်။

"နဲနဲဆိုရပါပြီ အရှင့်သား..."

ဓိညာဘာမှပြန်မပြောနိုင်ပဲ မူးဝေဝေသာရှိလို့နေသည်။ နောင်ဘဝကျရင်တော့ ဆက်ဆက်ချစ်ပေးပါအမောင်...။

အဖွားအိုသည် ဓိညာသွေးနှင့်ပက္ခသွေးများကို တူတူရောထည့်လိုက်ပြီးတရုတ်စကားဝါပန်းနှင့်နှင်းဆီနီလေးတစ်ပွင့်ပေါ်အသာအယာလောင်းချလိုက်သည်။ ပါးစပ်မှလဲတစ်ခုခုကိုရွတ်ဆိုနေဟန်ရှိသည်။

"မင်းသားမင်းဓိခမ်းညာ နှင့် ယောကျာ်းပျိုပက္ခရာမောင် တို့သည် ဤဘဝ၌ဆုံဆည်းခွင့်မရသဖြင့် နောင်ဘဝများတွင်စုံစည်းစေရန် ကံကြမ္မာကိုပယ်ဖျက်၍ သဘောရှိသည်အတိုင်းဖြစ်ရလို၏...
ထိုကံကြမ္မာစီရင်သည်ကိုပယ်ဖျက်ခြင်း အစီအရင်အား သွေးတို့ဖြင့်နှောင်ပတ်၍ ကိုယ်တိုင်စီရင်ရစေလို​သား..."

အဖွားအိုက စီမံစရာရှိသည်များကိုစီမံပေးပြီးသွားတော့ ဓိညာကိုဓားတစ်ချောင်းကမ်းပေးလာသည်။ ငွေမျှင်ရောင်ရှိသောဓားတစ်လက်သည် ရေနံဆီမီးတိုင်မှအလင်းကြောင့် တစ်လက်လက်ထနေသည်။ ငွေမျှင်ရောင်ဓားငယ်လေးကိုလက်ထဲတွင်ကျစ်ကျစ်ပါအောင်ဆုတ်ထားလျက် မျက်ရည်တို့ကရစ်သီလာသည်။

"မင်းသားကြီး...အသင်ကကျွန်ုပ်တို့တိုင်းပြည်အတွက်အသင့်တော်ဆုံးမင်းတစ်ပါးဖြစ်ပါလျှက်နဲ့ ဒီလမ်းကိုသာရွေးခဲ့ပြီး နောင်ဘဝများကြရင် ထပ်နာကျင်ရမယ်ဆိုရင်ရော အသက်ရွေးလေမလား..."

ဝမ်းနည်းရိပ်သမ်းနေသော အဖွားအိုကိုစေ့စေ့ကြည့်ကာ ရဲရင့်သောစကားတစ်ခွန်းကိုသာဆိုလိုက်သည်။

"ကျွန်ုပ်ဘဝမှာ ထိုသူနဲ့ပတ်သတ်လို့ နောင်တဆိုတာမရှိပါ"

"အာရုံတတ်ချိန်နီးပြီမို့ပြန်ခွင့်ပြုပါအုံး..."

ချစ်မော်ကွန်း ရင်မှာတည် ( Complete ) Where stories live. Discover now