Ep.7 ဒီဘဝဒီအမျှပါအမောင်

340 26 4
                                    

Ep.7 ဒီဘဝဒီအမျှပါအမောင်

"ဆို....အသင်က ကျွန်ုပ်နောက်ခံကိုသုံးချင်တယ်ဆိုပါ့"

"မပြောဝံ့ပါမင်းသား"

"ဟက် ကောင်းသားပဲ ငါကိုယ်တော်ကလည်း ဒင်းကိုအသေသတ်ချင်နေတာ...သို့ပေသီ...ခမည်းတော်လက်အပ်ပြီး အကိုတော်ကိုပါအနည်းငယ်ပညာပေးချင်ပါစ"

"မင်းသားသဘောအတိုင်းပါ...ဒီကကျွန်ကမင်းသားအမိန့်ကိုနာခံဖို့အသင့်ပါ"

ထိုသူ့စကားကိုကြားတော့ ဝဏ္ဏထင်ဓိညာ ကခပ်ယဲ့ယဲ့ပြုံးပြီးအဝေးသို့ထွက်သွားလေသည်။ ဝဏ္ဏထင်ဓိညာ ပျောက်သွားပြီးနောက် အနောက်မှကျန်ခဲ့သောလူလည်းလျင်မြန်သောအရှိန်ဖြင့်ပျောက်ကွယ်သွားလေသည်။

လရောင်ကသာ ပန်းတို့လည်းဝေဝေဆာ
ရေပြင်ပေါ်ထင်ဟပ်တဲ့ လရိပ်လေးကို အမှန်ထင်ပြီး ဖမ်းယူလိုက်သော်ငြား ပါမလာ...။

"အမောင်..."

"ပြောပါလေ မောင့်မြာလေး..."

"အမောင်ကျွန်ုပ်ကိုသစ္စာရှိမယ်မလားအမောင်..."

"ကျွန်ုပ်အသက်ကိုချစ်တာဟာ တစ်ဘဝစာအတွက်ပါ...အသက်နေရာမှာမည်သူမျှအစားမထိုးနိုင်ပါ့အသက်..."

အမောင့်စကားကိုသဘောကျသွားကာ အမောင့်ရင်အုပ်ကျယ်ကျယ်ထဲပို၍ပင်တိုးဝင်မိတော့ တင်းကျပ်စွာဖက်တွယ်လာတဲ့အမောင်...။

ညည့်နက်သန်းခေါင်ယံမို့ နန်းတော်တစ်ခုလုံးကတိတ်ဆိတ်စွာ...သန်းခေါင်လေအဝေ့တစ်ချက်မှာပါလာတဲ့ တရုတ်စကားပန်းနံ့လေးကိုရတော့ အလိုလိုပြုံးမိပြီးသားဖြစ်လျက်...။ ကျွန်ုပ်ရင်ကိုအေးချမ်းစေတာလဲအမောင်...ကျွန်ုပ်ကိုစိတ်ရွှင်စေတာလဲအမောင်ပါ။ မြတ်နိုးခဲ့မိသည်မို့ ယုယစွာဖြင့်အမောင်လို့ခေါ်ခဲ့ပါသည်။

"အမောင်..."

"ပြောပါစ မောင့်အသက်"

"အမောင်က............ဗမာ့အားစုစည်းရေးအဖွဲ့ကဆိုအမောင်..."

အသက်ဆီမှစကားကိုကြားတော့ သူ့ရင်မှာဒိန်းခနဲ...။ နောက်ဆုံးတော့ ဒီအကြောင်းရင်းပဲလားအသက်သွေးရယ်...။ ကျွန်ုပ်ကဗမာ့အားအဖွဲ့ခေါင်းဦး ( ခေါင်းဆောင် ) တစ်ယောက်ဖြစ်တာနဲ့အလိုလိုအသက်နဲ့ဝေးဖို့ကံပါသွားပြီးသားထင်ပါရဲ့အသက်ရယ်...။

ချစ်မော်ကွန်း ရင်မှာတည် ( Complete ) Where stories live. Discover now