Ep.12 ချစ်စကားများမောင့်အတွက်သီ

246 21 3
                                    

Ep.12 ချစ်စကားများမောင့်အတွက်သီ








ရွှေစည်းခုံဘုရားရှိနံရံဆေးရေးပန်းချီများနှင့် ပုဂံခေတ်မှအမွေအနှစ်များစွာကိုလိုက်ပြပြီးသည့်နောက်မှာ နေမွန်းတည့်တော့မှာမို့ ထမင်းစားကြရန်အတွက် ပက္ခရာမောင်ရဲ့အဒေါ်နှစ်ယောက်ဆီသို့ခေါ်လာခဲ့သည်။ အဒေါ်နှစ်ယောက်ဖြစ်တဲ့ ဒေါ်ကျေးရွက် နဲ့ ဒေါ်မြင့်ရီ တို့မှာလည်း ပုဂံရိုးရာပစ္စည်းဆိုင်လေးနှင့်စားသောက်ဆိုင်လေးပါတွဲလျက်ဖွင့်ထားသည်မို့အဆင်ပြေလှသည်။

ကြုံရာမြင်းလှည်းတစ်စီးကိုငှားပြီးသာသွားလိုက်သည်။ အရေးပိုင်မင်း သားလေးကတော့ဘာမှမပြောပေမဲ့ ဘေးကAlexနဲ့Jhonဆိုသူကတော့ပြောပါတယ် "ဖင်အောင့်တယ်" တဲ့...။

"ဟယ်...ကျုပ်တူလေးလာပြီပဲ....အတော်ပဲဟယ် အခုမှထမင်းဟင်းတွေကျက်တာ..."

ဒေါ်ကျေးရွက် ရဲ့အသံဆာဆာကိုကြားတော့သူပြုံးပြလိုက်ပြီး

"ဧည့်သည်တွေဗိုက်ဆာနေမှာဆိုးလို့မြန်မြန်လာတာဗျ...ဒါပြီးရင်အာနန္ဒာဘုရားသွားမို့လေ"

"အေးတော် ကျုပ်တို့ဆီမှာလည်းပုဂံအကြောင်းဂဂနနသိတာဆိုလို့ ကျုပ်တူပဲရှိတာကိုးအေ့"

ဒီတစ်ခါလည်းသူပြုံးသာပြလိုက်သည်။ သူ့တစ်ဘဝလုံးမှာလူတွေကိုပြုံးပြရတာကပုံမှန်လိုပင်ဖြစ်နေပြီ...။

"လာပါအရေးပိုင်မင်း သားရှင့်...ကျုပ်တို့တောရွာကအစားအသောက်တွေက ရန်ကုန်မြို့ကြီးကလိုတော့ အကောင်းစားတွေမရနိုင်ဘူးပေါ့ရှင်..."

"ကျွန်တော်ဘာပဲဖြစ်ဖြစ်စားတတ်ပါတယ်ဗျ"

ဓိညာရဲ့စကားကိုဒေါ်မြင့်ရီကသဘောတကျရယ်မောလိုက်ပြီး ထမင်းဝိုင်းပြင်ပေးသည်။

ထမင်းဝိုင်းလေးမှာဖွယ်ဖွယ်ရာရာရှိလှသည်။
ကြက်သားဆီပြန်ဟင်း ၊ အရွက်ကြော် ၊ ငါးပိရည် ၊ အတို့အမြှပ် ၊ မန်ကျည်းရွက်ဟင်းရည် ၊ ငါးဟင်း အညာဓလေ့ရဲ့နည်းလမ်းအတိုင်းပင်ချက်ပြုတ်ထားသည်မို့ စားကောင်းမှာသေချာသည်။

"ဒါကငါးပိရည် လို့ခေါ်တယ်ဗျ...ဗမာ့တွေရှိမရှိမဖြစ်ဟင်းလေးတစ်ခွက်ပေါ့ဓိညာ...အစပ်မစားနိုင်ရင်တော့မစားနဲ့နော်..."

ချစ်မော်ကွန်း ရင်မှာတည် ( Complete ) Where stories live. Discover now