Ep. 20 ပုဂံမြေ၌ပျိုးခဲ့သောပန်းတစ်ပွင့်အကြောင်း

394 14 0
                                    

Ep. 20 ပုဂံမြေ၌ပျိုးခဲ့သောပန်းတစ်ပွင့်အကြောင်း


အသိပေးချက်!

ဤFiction၌ပါဝင်သော စစ်ပွဲအကြောင်းအရာ ၊ နိုင်ငံရေးအကြောင်းအရာများသည် စိတ်ကူးယဉ်ဖန်တီးမှုသက်သက်သာဖြစ်ပါသည်။




"သား..."

အခန်းဝဆီမှ မေမေ့ခေါ်သံကြောင့် သူအိပ်ယာထဲလှဲနေရာမှ ထကြည့်လိုက်မိသည်။ ဒီနေ့နဲ့ဆို သူမြန်မာ ပြည်နဲ့ဝေးကွာနေတာ နှစ်ဆယ်နဲ့သုံး( ၂၃ ) ရက် ရှိပြီ။

"ကြည့်ပါအုံး မေမေ့သားလေးမျက်နှာချောင်သွားလိုက်တာ"

"မေမေဘာလို့ငိုနေတာလဲဟင်"

"သား...သားdaddyလေ..."

"ဟင်...ဒက်ဒီဘာဖြစ်လို့လဲ"

"တိုက်ပွဲမှာကျသွားပြီတဲ့"

ထိုစကားကြားရတဲ့အခိုက် သူ့ကမ်ဘာကြီးခဏမျှ ရပ်တန့်သွားသည်။ သူမြန်မာနိုင်ငံကိုနိုင်စေချင်တယ်။ ဒါပေမဲ့ ဒက်ဒီ ကိုတိုက်ပွဲကျစေချင်တာမှမဟုတ်တာ။

"မဟုတ်ဘူးမလားဟင်မေမေ ဒက်ဒီ....မဟုတ်ဘူးလေ အဲ့လိုမဖြစ်ရဘူးလေ!!!"

"စိတ်ထိန်းလေသားရဲ့ သားဒက်ဒီက စ...စနေ...တာ ဟင့်"

"သား သားမြန်မာပြည်သွားမယ်"

"ဓိညာ! သားဘယ်လိုဖြစ်နေတာလည်း! စိတ်ခိုင်ခိုင်ထားစမ်း!!!!"

"ဒက်ဒီမရှိတော့တာနဲ့ သားဘဝကိုအရှုံးပေးလို့မရဘူးလေ!! သားမှာ မေမေရော ဟိုကောင်လေးရောရှိသေးတယ်လေ!"

"ဗျာ..."

မေမေက သူ့ကိုမျက်ရည်အဝိုင်းသားဖြင့် သူ့နှဖူးကိုခပ်ဖွဖွအနမ်းပေးကာ မေမေ့ဆံထိုးမှာပန်ထားတဲ့ တရုတ်စကားပန်းတစ်ပွင့်ကိုသူ့လက်ထဲ ထည့်လာပေးသည်။

"သားရဲ့အသွေးအသားထဲမှာအမြစ်တွယ်နေတဲ့ တရုတ်စကားပန်းလေးကို ပိုင်ရှင်ဆီပြန်သွားပေးသင့်တယ်မလား"

"သား...ကြောက်တယ်မေမေ...သားပြန်သွားရင်သူမရှိတော့မှာ"

"မေမေကသားနဲ့ပတ်သတ်ရင်သိပ်အတ္တကြီးတာသားသိတယ်မလား...မေမေကိုယ်တိုင် စိုက်ပျိုးပေးလိုက်တဲ့ တရုတ်စကားပန်းလေးက ပုဂံမြေမှာကောင်းစွာပွင့်လန်းနေတာကိုပဲမေမေမြင်ချင်ခဲ့တာပါသားရယ်..."

ချစ်မော်ကွန်း ရင်မှာတည် ( Complete ) Where stories live. Discover now