Ep.10 ပုဂံသို့ရောက်ရှိခြင်း

243 24 1
                                    

Ep.10 ပုဂံသို့ရောက်ရှိခြင်း









ကန်စွန်းရွက်ကြော် လေးတစ်ခွက် ထမင်းကြမ်းလေးနှစ်ပန်းကန် လက်ဆေးရေဇလုံ ရေနံဆီမီးခွက်တစ်ခွက်သာပါရှိသော ထမင်းဝိုင်းလေးမှာလည်း ချစ်ခြင်းမေတ္တာရဲ့နွေးထွေးမှုကြောင့်ချိုမြိန်နေသယောင်...။

"နို့ ကျုပ်အကိုကြီးရာမောင်ကအိမ်ထောင်မပြုတော့ဘူးလားဗျ"

မြင့်ကျော်စကားကိုကြားတော့ သူစားလက်စကိုခနရပ်လိုက်ပြီးမှ...

"မင်းအကိုကြီးကိုအိမ်ထောင်အတော်ပြုစေချင်ပြီလားကွ"

"ပြုစေချင်တယ်လို့လဲမဟုတ်ပါဘူးဗျာ...ကျုပ်အကိုကြီးကအသက်အားဖြင့်လဲချစ်ရသူရှာသင့်နေပြီမို့မေးကြည့်တာပါဗျ"

လူကြီးတစ်ယောက်လိုစဥ်းစားပေးနေသည်မို့သူပြုံးလိုက်မိသေး...။ ညီလေးမို့သာတော်ပါရော့ မြင့်ကျော်ရယ် ကျုပ်အဖသာ​ဖြစ်ရင်ဘယ်လောက်မြန်းရင့်ကျက်ပြနေမလဲ...။

"ဒီကအကိုက အချစ်ရေးရာတွေစိတ်မဝင်စားသေးပါဘူးမြင့်ကျော်ရာ..."

"ဟုတ်ပါပြီဗျာ...တော်ကြာအရွယ်လွန်မှမိန်းမယူချင်လို့မရဘူးနော်..."

မြင့်ကျော်စကားကိုကြားတော့သူခပ်ပြုံးပြုံးသာလုပ်နေလိုက်သည်။ အိမ်ထောင်မပြုဘဲ ဒီအတိုင်းပဲနေသွားရလဲသူ့ဘဝကအဆင်ပြေလွန်းလှပါတယ်...။

စားလို့သောက်လို့ပြီးသွားတော့ မြင့်ကျော်က " ကျုပ်ဆေးပါ့မယ်အကိုကြီးရာ " ဟုဆိုကာ ရှိသမျှပန်းကန်တွေအကုန်ဆွဲယူသွားလေသည်။

သူလဲဘာမှပြောမနေတော့ဘဲ စားပွဲခုံသိမ်းပြီး ရေနံဆီမီးခွက်ညှိမ်းကာ အိပ်ယာခင်းထားလိုက်သည်။

ပန်းကန်ဆေးပြီးသွားတဲ့မြင့်ကျော်ကသူခင်းထားတဲ့အိပ်ယာပေါ်ခနငုတ်တုတ်ထိုင်ပြီးညနေကအကြောင်းကိုမေးသည်။

"အမမြတ်ရဲ့အဖေကဘာလို့အကိုကြီးကိုခေါ်တာတုန်းဗျ"

"ဪ...ဒီလိုလေ...ရန်ကုန်မြို့အရေးပိုင်မင်းရဲ့သားကပုဂံမှာလာပြီးလေ့လာစရာတွေရှိလို့တဲ့ အဲ့ဒါငါ့ကို guide လုပ်ခိုင်းတဲ့သဘောပါကွာ..."

ချစ်မော်ကွန်း ရင်မှာတည် ( Complete ) Where stories live. Discover now