Ep.15 အချစ်ဟူသောအရာ

201 13 0
                                    


Ep.15 အချစ်ဟူသောအရာ







ထမင်းစားပြီးသွားတော့ထမင်းဆိုင်လေးရှေ့ရှိ မန်းကျည်းပင်ကွပ်ပျစ်လေးပေါ်မှာထိုင်ကာခနနားလိုက်သည်။ နေကလဲမွန်းတည့်တိတိမို့ ချက်ချင်းပြန်ဖို့ရာကလည်းမဖြစ်သေး။ ရာမက

"အကိုကြီးရာမောင်..."

"အင်းပြောလေမင်းမူ"

မင်းမူဆက်ပြောလာမဲ့စကားကိုသူနားစွင့်နေလိုက်သည်။

"မြင့်ကျော်ကကြက်ဝိုင်းသွားတာဆိုတော့ ဒီမှာကြက်ဝိုင်းရှိတာပေါ့နော်"

"အင်းပေါ့ကွ ရှိတာပေါ့"

သူ့အဖြေကိုကြားတော့မင်းမူကခပ်ပြုံးပြုံးဖြစ်သွားသည်။ ပြီတီတီမျက်နှာပေးမှာတော်ရုံနဲ့မသတ်နိုင်။

"အကိုတို့မြန်းနော်...မြတ်ကိုတောင်မခေါ်ပဲလည်နေကြတယ်ပေါ့"

အနောက်ကပေါ်လာတဲအသံလေးကြောင့်သုံးယောက်သားမျက်နှာမှာအပြုံးကိုယ်စီ...။ မြတ်ဘယ်လိုမြန်းရှာတွေ့သွားပါလိမ့်။

"ဘယ်ကဘယ်လိုရောက်လာတာလဲမြတ်ရယ်..."

ရာမရဲ့စကားကိုမြတ်ကနှာတစ်ချက်မှုတ်ကာ...

"ဟွန့်...အကိုကမြတ်ကိုတောင်မခေါ်ပဲတစ်ယောက်ထဲလည်နေတယ်ပေါ့လေ"

"မဟုတ်ရပါဘူးမြတ်ရယ်...အကိုကနောက်နေ့မှမြတ်နဲ့နှစ်ယောက်ထဲလည်မို့လုပ်ပြီးသာပါမြတ်ရယ်"

" ယုံပါရဲ့ရှင်..."

"ဒါနဲ့မြတ်ကဘယ်လိုလုပ် အကိုတို့ဒီမှာရှိနေတာသိတာလဲ"

ရာမောင်ကဖြတ်မေးလိုက်တော့ မြတ်ကပြုံးလိုက်ပြီး

"သိတာပေါ့ရှင်...မြတ်ကအကြားအမြင်ရနေတာကိုး..."

"ဟဟ...မနောက်ပါနဲ့မြတ်ရယ်..."

မင်းမူရဲ့ရီသံစွက်နေတဲ့စကားကို မြတ်ကကြားတော့ မျက်စောင်းလေးနဲနဲခဲလိုက်သေးသည်။

"မနောက်တော့ပါဘူး...အတည်ပြောမယ်...မြတ်
ဧည့်သည်လာကြိုရင်းအကိုတို့ကိုတွေ့လို့ခနလာတာပါ"

"မြတ်ရဲ့သူငယ်ချင်းလားမြတ်"

"ဟုတ်တယ်အကို...မြတ်သွားအုံးမယ်နော် တော်ကြာစောင့်နေရမှာစိုးလို့"

ချစ်မော်ကွန်း ရင်မှာတည် ( Complete ) Where stories live. Discover now