Ep.9 ပြန်လည်မွေးဖွားခြင်း...

319 29 0
                                    

Ep.9 ပြန်လည်မွေးဖွားခြင်း...
















လက်ချင်းတွဲလျက်သေဆုံးသွားသောယောကျာ်းပျိုနှစ်ဦးကိုခပ်စိမ်းစိမ်းကြည့်ကာဖြင့်...မင်းကြီးဇောဂဓိညာမှအမိန့်ထုတ်လိုက်သည်။

"ဒီအလောင်းတွေကိုမြို့ပြင်မှာသွားပြစ်လိုက်! ဗမာ့အားအဖွဲ့အစည်းကိုလဲခေါင်းဖြတ်ကွပ်မျက်လိုက်တော့..."

မင်းကြီး၏ခပ်မာမာစကားသံကိုကြားတော့အကုန်လုံးကလန့်ဖြန့်စွာခပ်သွက်သွက်လုပ်ကြရသည်။ အချစ်ဆုံးသားတော်ကိုတောင်စွန့်လွှတ်ပြစ်နိုင်တဲ့ဘုရင်ဇောဂဓိညာ၏အသဲကအတော်မာပါသည်။

နှစ်အနဲငယ်အကြာတွင်ဗမာ့အားမှလူတစ်စုက ဘုရင်ဇောဂဓိညာကိုလာရောက်တိုက်ခိုက်သော်လည်းမအောင်မြင်ပဲကျဆုံးသွား​ကြ
ရသည်။

မင်းသားဝဏ္ဏထင်ဓိညာနှင့်ကြင်ယာတော်ယဥ်လက်မွေစံတို့က တိုင်းပြည်ကိုအုပ်ချုပ်ပြီးနောက်ဆုံးတစ်ချိန် သေဆုံးသောအခါတော်ဝင်အမှတ်ဖြင့်သာသေဆုံးသွားကြရသည်။




တစ်နှစ်
တစ်ခေတ်
အေဒီများစွာ
ရာစုများစွာ

ကုန်လွန်ပြီးသော်....


1990 နှောင်းပိုင်းလွတ်လပ်ရေးမရခင်ကာလ...


ပုဂံပြည်ရှိရွာတစ်ရွာ...

"ဗျို့ သူကြီးရေ...မြင့်ကျော်တို့အုပ်စုရွာတောင်ပိုင်းမှရန်ဖြစ်နေသတဲ့ဗျို့...."

အသံကျယ်ကျယ်နှင့်လူတစ်ယောက်အသံကိုကြားတော့ အသက်ခပ်ငယ်ငယ်အရွယ်ရှိ လူတစ်ယောက်ကအိမ်ပေါ်မှဆင်းလာကာ...

"ဖြစ်ပြန်ပြီတဲ့လား ကိုလှသောင်းရယ်...ကျုပ်ဖြင့်လည်းစကားပန်းရွာသူကြီးဖြစ်ထဲကရှင်းလိုက်ရတဲ့ပြဿနာဆိုတာမနဲပါလားဗျာ..."

"သူကြီးရယ် လိုက်သာလိုက်ခဲ့ပါဗျာ...ဟိုမှာသေကျေတော့မယ်"

ကိုလှသောင်းစကားကိုကြားတော့သူကြီးကခေါင်းမြန်မြန်ငြိမ့်ပြပြီးကိုလှသောင်းနောက်မှလိုက်လာခဲ့သည်။

ခပ်မြန်မြန်လျှောက်လာတော့ ရွာတောင်ပိုင်းရှိမြင့်ကျော်တို့အုပ်စုအရက်သောက်နေကျနေရာရောက်လာသည်။ အသေအကျေထိုးကြိတ်နေကြတဲ့ပွဲထဲမည်သူမျှဝင်မတားရဲပေမယ့် သူကြီးရောက်လာတော့ အချို့သူများကရပ်သွားကြသည်။

ချစ်မော်ကွန်း ရင်မှာတည် ( Complete ) Where stories live. Discover now