Ep.6 ယုံကြည်ပါရစေအမောင်...

299 25 1
                                    

Ep.6 ယုံကြည်ပါရစေအမောင်...



"အကိုတော်က ယောက်ကျားပျိုများကိုသာနှစ်သက်တာလားပါ့"

ကြင်ယာတော်ယဥ်လက်ဆီကထွက်လာသော စကားကြောင့်ဓိညာအနဲငယ်လန့်သွားသည်။ သို့ရာတွင်လည်းအားတင်းပြုံးလိုက်ကာ...။

"ကြင်ယာတော်သိရော့ပေါ့"

"မှန်ပါ့..."

ကြင်ယာတော်ယဥ်လက်မွေစံလည်း ပြောပြီးရော နှစ်ယောက်လုံးတိတ်ဆိတ်သွားသည်။ ဓိညာ၏ခပ်မှိုင်းမှိုင်းမျက်ဝန်းတစ်စုံသည်တစ်စုံတရာကိုမျှော်မှန်းတွေးနေဟန်ရှိသည်။ ယဥ်လက်မွေစံ မျက်နှာထက်တွင်တော့ လှောင်ပြုံးတစ်ခုသာရှိသည်။

"အဲ့တော့ ကျွန်ုပ်ကိုဘယ်လိုမြင်လဲ..."

"ကျွန်ုပ်ဖြင့်မပြောချင်တော့ပါဘူး အကိုတော်ရယ်...အကိုတော်ထိုသူစိမ်းကိုချစ်ကြိုးသွယ်မိတာအပြစ်မဟုတ်ပါ့ သို့ပေ ထိုသူစိမ်းဟာအကိုတော့်ကိုမေတ္တာအစစ်အမှန်မရှိမှာ ကျွန်ုပ်စိုးမိပါရဲ့..."

"အမောင်ဟာထိုသို့မဟုတ်စ...ကျွန်ုပ်ကိုအမောင်ဟာအမှန်တကယ်မေတ္တာရှိတာပါနှမငယ်..."

" သေချာစဥ်းစားပါ အကိုတော် ထိုသူစိမ်းဟာ အကိုတော်ဟာအိမ်ရှေ့စံမှန်းသိလို့ချည်းကပ်တာဖြစ်နိုင်သလို အကိုတော့်ကိုခုတုံးလုပ်ချင်တဲ့ သစ္စာဖောက်လဲဖြစ်နိုင်ပါ၏..."

"ကျွန်ုပ်ကိုအမောင်ဟာထိုသို့ပြုမည်မဟုတ်...ကျွန်ုပ်အမောင့်အချစ်ကိုယုံတယ်...အမောင်ဟာသစ္စာဖောက်တစ်ဦးဖြစ်မည်မဟုတ်..."

ယဥ်လက်မွေစံလည်းပြောမရတဲ့အဆုံးလက်လျော့ကာ နောင်ဖန်မှသွေးထိုးရန်ကြံစည်သော်လည်း...အရင်တစ်ခေါက်မှကိစ္စအားသတိရဟန်ဖြင့်...

"ဪ...ဒါနဲ့အကိုတော်...မင်းကြီးကိုလုပ်ကြံချင်တဲ့သူဟာ ' ဤစကားဝါပန်းခြောက်တွေမြင်တိုင်းသင့် သေမင်းကသင့်ကိုလာခေါ်တော့မယ်ဆိုတာသတိရပါ ဘုရင်ဇောဂဓိညာ ' လို့အဘယ်ကြောင့်ပြောပါဘိ...နောက် ထိုစာကိုလည်း အကိုတော်ရခဲ့တာမဟုတ်ပါလား..."

လှည့်ထွက်သွားပြီဖြစ်တဲ့ ယဥ်လက်မွေစံ၏စကားများကိုကြားယောင်ရင်း...။

ချစ်မော်ကွန်း ရင်မှာတည် ( Complete ) Where stories live. Discover now