Ep.3 ဓိညာအတွက်သာ...

436 37 0
                                    

Ep.3 ဓိညာအတွက်သာ...


နန်းတော်မှပြန်ရောက်ထဲကပြုံးရယ်လိုက် တည်သွားလိုက်ဖြစ်နေသော ပက္ခရာမောင်ကိုသက္ကခွန်ပရော ကျန်ဇေရာမရော စစ်မင်းမူပါနားမလည်။
ကျန်ဇေရာမကလည်းမမေးနဲ့ဟုပြောထားသောကြောင့်ကျန်နှစ်ယောက်မှာမမေးရဲ...။ ယခုလည်းထူထဲနက်မှောင်သောမျက်ခုံးနှစ်ဖက်ကိုတွန့်ချိုးထားသည်မှာ ထိစပ်လုနီးပါး...။

အနည်းငယ်ကြာတော့လည်းသူမဟုတ်သလိုပင်ပြုံးရယ်နေသည်။ ကွယ်ပျောက်ခါနီးကြယ်လေးများကိုကြည့်ရင်းရီမောလိုက် စိတ်ညစ်လိုက်ဖြစ်နေသူမှာ တည်ကြည်ခန့်ညားလွန်းပါသောပက္ခရာမောင်ပါဟု အရပ်တကာလိုက်အော်မိချင်ပါရဲ့...။ ထိုသို့တွေးမိတော့လည်းရီချင်မိသွားသည်။ သူတို့မှာနေစရာရပ်ရွာမှမရှိဘဲ...။ ကျန်သူများမှာမိသားစုဆိုတာရှိသော်လည်း ပက္ခ ၊ သက္က ၊ စစ်မင်းမူ ၊ ဇေရာမ တို့မှာမိသားစုမှမရှိဘဲ...။ နေထိုင်စရာရပ်ရွာငယ်လေးမှာလည်းမီးလောင်ပျက်စီးသွားခဲ့ပြီမဟုတ်လား...။ သူတို့ကိုဘယ်ကျေးရွာ ဘယ်သူမှလက်မခံကြဘဲ ထူးထူးဆန်းဆန်းတွေတွေးနေမိတာပဲ။

ဝေလီဝေလင်းအချိန်ရောက်တော့ ကြယ်လေးတွေလဲအရောင်မှိန်ကာပျောက်ကွယ်သွားပေါ့။ အသူရာနေမင်းကြီးရဲ့အလင်းရောင်နွေးနွေးက မြေပြင်ပေါ်ဖြာကျနေသည်။ သစ်ရွက်လေးတွေပေါ်မှာတင်နေတဲ့ နေရောင်ခြည်လေးတွေကြောင့် ပန်းပွင့်လေးတွေပေါ်မှာတွဲခိုနေတဲ့ရေစက်လေးတွေကြောင့် ပဏ္ဏာမြိုင်တောကြီးကပိုလှပနေသယောင်...။

သက္ကခွန်ပမှ နံနက်စာစားဖို့လာခေါ်မှလိုက်သွားလိုက်သည်။

...................ချစ်မော်ကွန်း ရင်မှာတည်..................

"တောက်! ရိုင်းလိုက်လေ...အဘယ် သူစိမ်းကမြန်းငါကိုယ်တော်သားတော်အဆောင်ကိုဝင်ပြီးဤသို့သောပေစာကိုပေးရသနည်း..."

ဘုရင်မင်းကြီးအမြတ်တော်အောက်မှာ အမတ်များနှင့်ညီလာခံအတွင်းရှိသူများမလှုပ်ရဲ...။ ထိုဘုရင်ဘယ်လောက်ရက်စက်ပြီးစာနာမှုကင်းသည်ဆိုတာ မသိကြတာမှမဟုတ်ဘဲ...။

"ငါ့ကိုယ်တော် သားကြီးဓိညာအဆောင်ကိုအတော်ဆုံးစစ်သည်များနှင့်ခြံရံစေ..."

ချစ်မော်ကွန်း ရင်မှာတည် ( Complete ) Where stories live. Discover now