Ep.18 အချစ်ဟူသောအရာ

179 14 0
                                    

Ep.18 အချစ်ဟူသောအရာ








ဘုရားပန်းလှူပြီးသွားတော့ မောင်ကသူ့ကိုရွှေစည်းခုံဘုရားအကြောင်းသေချာဆက်ရှင်းပြပါသည်။ သူကလဲမောင်ပြောသမျှကိုငြိမ်ပြီးနားထောင်နေရုံသာ...။

"ဓိညာ...ခုနကဘုရားမှာဘာတွေဆုတောင်းသလဲ..."

"မောင်နဲ့ဘဝဆက်တိုင်းပေါင်းဖက်ရဖို့"

ဓိညာအပြောကိုသူအရင်ကလိုမရှက်တော့ပဲ ပါးချိုင့်နက်နက်တွေပေါ်သည်အထိပေါ်အောင်ပြုံးပြပြီး...

"မောင့်ဆုတောင်းကိုရောသိချင်လား..."

"အင်း"

"မောင့်ဆုတောင်းက မောင်ချစ်ရတဲ့ဓိညာအမြဲပျော်နေဖို့..."

ဓိညာကသူ့အပြောကိုနှုတ်ခမ်းပါးတစ်စုံကွေးညွှတ်ရုံမျှပြုံးပြပြီး

"ငါလေမောင့်ကိုသိပ်ချစ်တာပဲ..."

ရွှတ်*

စကားအပြီးမောင်ကသူ့လက်ကိုဆက်ခနဲဆွဲယူကာလက်ဖမိုးကိုအသံမြည်အောင်အနမ်းပေးလာသည်။ ခနတာမျှနွေးထွေးသွားတဲ့လက်ဖမိုးကိုငုံ့ကြည့်ရင်း မောင့်မူပိုင်သူ့နှလုံးသားကပါအလိုလိုနွေးထွေးလာသည်။ အချစ်ခံရတဲ့ခံစားချက်မူကား ဤသို့ဖြစ်ပေမည်။

"ဒါပြီးရင်ရောဘယ်နေရာသွားချင်လဲဓိညာ..."

"မောင်နဲ့အတူတူပုဂံရဲ့နေဝင်ချိန်ကိုကြည့်ချင်တယ်"

"ကောင်းပါပြီဗျာ"

မောင့်အပြောကြောင့်သူနှစ်နှစ်ခြိုက်ခြိုက်ရီလိုက်ပြီး မောင့်လက်ဖမိုးကိုသူငုံ့နမ်းလိုက်သည်။ မထင်မှတ်ထားတဲ့မောင့်မှာတော့အံ့သြလျှက်သား...။

"သခင်လေးတို့ဒီတစ်သက်ပြီးပါအုံးမလားဗျာ..."

ဘေးကနေရုတ်တရက်ပေါ်လာတဲ့Alexကိုတွေ့မှ သူနဲ့မောင်ဒီမှာထိုင်နေတာအတော်ကြာပြီဖြစ်ကြောင်းသတိရသည်။ နဂိုထဲကအနဲငယ်ရှက်တတ်သောမောင့်မှာတော့ အပြင်ပိုင်းမှာရုပ်တည်တဲ့နေနေသော်လည်း နားရွက်ဖျားလေးတွေကတော့ရဲနေပြီ။

"ပြီးပါပြီကွ"

"ဟို...ဟိုသူကြီး...ဒီဘုရားကအပြန်ကျွန်တော့်ကိုဟို အရုပ်သေးသေးလေးတွေရောင်းတဲ့ဆိုင်ပို့ပေးပါလား"

ချစ်မော်ကွန်း ရင်မှာတည် ( Complete ) Où les histoires vivent. Découvrez maintenant