Ep.13 အိမ်မက်ဟောင်းထဲဝယ်

230 21 1
                                    

Ep.13 အိမ်မက်ဟောင်းထဲဝယ်











ကိုက်ခဲလာတဲ့ခေါင်းကိုနာနာလေးဖိလိုက်ပြီးသူ့ရှေ့ကဓိညာကိုအားစိုက်ကြည့်နေရသည်။ သက်ပြင်းကိုခပ်ရှည်ရှည်ချကာ ခုနကဓိညာပြောခဲ့သောစကားကိုပြန်အဖြေပေးရမည်။ မဟုတ်ရင်ဓိညာ စိတ်စိုးနေမှာပေါ့...။

"ဓိညာ......ကျွန်တော့်အတွက်မိန်းကလေးတစ်ဦးလိုနေပေးစရာမလိုပါဘူး....."

"ကျွန်တော်သာဓိညာကိုအမှန်တကယ်ချစ်မြတ်နိုးသွားခဲ့ရင်လေ...ဘယ်တော့မှဓိညာကိုမိန်းကလေးတစ်ဦးလိုနေခိုင်းမှာမဟုတ်ဘူး..."

"ဘာလို့ဆို...ကျွန်တော်ကဓိညာရဲ့လက်ရှိပုံရိပ်လေးက ပိုမြတ်နိုးဖို့ကောင်းတယ်လို့ ထင်တယ်ဗျ"

တစ်ဖက်ကပြောလာတဲ့မောင့်စကားတွေကိုကြားရတော့ သူ့မှာအံ့သြဖွယ်...။ မောင်ဟာသူ့ရဲ့ယခုလက်ရှိ ယောကျာ်းသားတစ်ဦးပုံကိုပင် မြတ်နိုးဖွယ်ကောင်းတယ်ဟု ထင်သေးသည်တဲ့လေ...။ မောင်ဟာသူ့ကိုမငြင်းပယ်ခဲ့ဘူးဘဲ...။

မောင့်ရဲ့နက်မှောင်မှောက်မျက်ဝန်းတို့ကိုကြည့်မိတော့ ရင်ထဲကလှိုက်ခနဲ...။ ချစ်ရသူ၏အေးချမ်းရာလေး ဆိုတာဒါကိုပြောတာထင်သည်။ ဒီလူသားဆီမှာပဲ လူတွေပြောပြောနေကျ ထောင့်ငါးရာ ဆိုတဲ့ချစ်ခြင်းမေတ္တာကိုပုံပေးချင်ပါသေးသည်။ ပိုလိုချင်လဲရင်လဲယူပေါ့ သူ့အချစ်တွေကမောင့်အတွက်ပဲကို...။

အင်း...သူဟာသိပ်ရူးပါတယ်လေ...။

"ဒါဆိုမောင်ကငါ့ကိုချစ်လား"

တည့်တိုးမေးလာတဲ့ဓိညာကြောင့်သူ့မှာ အမ်းတမ်းတမ်း...။ ဒီလိုပြောမယ်မှန်းသိပေမယ့် တကယ်တမ်းအပြောခံလိုက်ရတော့ ပြန်ဖြေစရာမရှိ...။ သူဟာယောကျာ်းချင်းမနှစ်သက်ပါ...။ သို့သော် ဓိညာကိုလဲမငြင်းရက်...။

"ရပါတယ်...မောင်မဖြေချင်လဲရတယ်...ငါအိမ်ပြန်ချင်လို့ရလား...နောက်နေ့မှဆက်သွားကြတာပေါ့"

"ဟမ်......ဟုတ်...ဟုတ်ကဲ့"

စိတ်မပျော်ပုံဖြစ်သွားတဲ့ဓိညာကြောင့်သူဘာမှမပြောတော့ ဓိညာသဘောအတိုင်းအိမ်သာပြန်ပို့ပေးလိုက်သည်။ အပြန်မှာတော့ အလာတုန်းကလိုစကားတွေဘေးကနေလိုက်ပြောပြီး ချစ်စကားတွေသီနေအောင်မပြောပဲ ငြိမ်နေတဲ့ဓိညာကြောင့် သူ့မှာအနေခက်ခက်...။

ချစ်မော်ကွန်း ရင်မှာတည် ( Complete ) Where stories live. Discover now