Chapter-{1}

11.1K 1.1K 31
                                    

Unicode

ကူးပြောင်းလာခြင်း

၀မ်ချီမျက်လုံးဖွင့်လိုက်တော့ သူ့မြင်ကွင်းထဲအဖြူရောင်ကန့်လန့်ကာတွေရယ် သစ်သားထုပ်တန်းတွေ၀င်ရောက်လာသည်။
သူဟိုဟိုဒီဒီကြည့်လိုက်တော့ သူရောက်နေတာရှေးခေတ်ပုံစံအိမ်ခန်းပင်။
၀မ်ချီတစ်ယောက်ကြောင်အသွားပြီး အိပ်ချင်စိတ်လေးတွေတောင်ပြေသွားသည်။
သူပြန်အိပ်လိုက်တယ်...နိုးလာလည်းဒီနေရာမှာပဲရှိနေဆဲ...

၀မ်ချီအကြောင်းကို ပြောရမယ်ဆိုရင် သူက၂၁ရာစုတရုတ်ပြည်သူ့သမ္မတနိုင်ငံတော် ဘေကျင်းမြို့တော်မှာနေတဲ့လူငယ်လေးတစ်ယောက်ဖြစ်ကာ ဘွဲ့ရပြီးတော့ ဇာတ်ညွှန်းရေးသူအလုပ်ဘက်ကိုလျှောက်ခဲ့သည်။
သူ့ရဲ့ဘွဲ့က အခြားလူတွေထက်အနဲငယ်နိမ့်တော့ အလုပ်မှာအခြားလူတွေထက်ပိုကြိုးစားခဲ့ရသည်။
မကြာသေးခင်က သူ့ဘော့စ်က၀တ္ထုတစ်ပုဒ်ကိုဇာတ်လမ်းအဖြစ်ရိုက်ကူးအသက်သွင်းဖို့ ပြင်ဆင်ခဲ့သည်။

ဘော့စ်ကအလုပ်များနေတော့ ထို၀တ္ထုကိုဇာတ်လမ်းရိုက်ကူးရန်အတွက် ဇာတ်ညွှန်းသေချာပြင်ဆင်ရန်သူ့အားခိုင်းခဲ့သည်။
အခွင့်အရေးရလာတဲ့၀မ်ချီကလည်း သူ့ရဲ့ကြိုးစားမှုနဲ့စိတ်အားထက်သန်မှုကိုပြသဖို့ ၂ရက်၂ညလုံးလုံး မူရင်း၀တ္ထုကိုအပြန်ပြန်အလှန်လှန်၃ခါလောက်ဖတ်ခဲ့သည်။
၀မ်ချီ ၀တ္ထုအား၃ခါမြောက်ဖတ်ပြီးသွားတော့ မနက်၆နာရီထိုးနေပြီဖြစ်ကာ ကောင်းကင်တောင်အနဲငယ်လင်းရောင်ခြည်သမ်းနေပြီဖြစ်သည်။
၀မ်ချီက ရေဆာလာတော့မတ်တပ်ရပ်ကာအကြောဆန့်လိုက်ပြီး ရေခွက်ကိုယူကာမီးဖိုချောင်ထဲရေသွားယူရန်ပြင်လိုက်သည်။

သူခြေ၂လှမ်းသာလှမ်းရသေး ရုတ်တရက်ခေါင်းမူးလာကာ အမြင်အာရုံတွေမှောင်မိုက်သွားပြီးလဲကျသွားချိန်သူ့ခေါင်းကနံရံနဲ့ဆောင့်မိကာ နာကျင်မှုကိုခံစားလိုက်ရပြီးနောက် သတိလစ်သွားခဲ့သည်။
သူမျက်လုံးဖွင့်လိုက်တော့ စာအုပ်ထဲကူးပြောင်းသွားပြီဖြစ်သည်။
သူ၂ရက်၂ညလုံးလုံး ဖတ်ထားတဲ့၀တ္ထုထဲကူးပြောင်းသွားမှန်းသိလိုက်ချိန်တွင် သူ့အိမ်ခန်းတံခါး၀ုန်းခနဲမပွင့်လာခင်အထိ နာရီ၀က်လောက်သူ့မျက်လုံးတွေကိုပိတ်ပြီး ငါးသေတစ်ကောင်လိုငြိမ်နေမိသည်။

အာဏာရှင်၏ကိုယ်လုပ်တော်အဖြစ်သို့ကူးပြောင်းလာခဲ့ခြင်း(မြန်မာဘာသာပြန်)Where stories live. Discover now