Chapter-{13.1}

4.9K 839 9
                                    

Unicode

အလောင်းအစားလုပ်ခြင်း

ရှီးရယ်က ယွဲ့ကွေ့နဲ့အခြားလူတွေကို သိပ်အမြင်မကြည်၍ အခုအခွင့်အရေးရတာနဲ့ ရှင်းပစ်ဖို့လုပ်​တာလားလို့ ၀မ်ချီသံသယဖြစ်မိသည်။
ဒါပေမယ့် အခြားဖြစ်နိုင်ခြေကိုစဥ်းစားရရင် အနာဂတ်မှာအာဏာရှင်ကြီးဖြစ်လာမယ့် ရှီးရယ်ကသူလုပ်ချင်တာလုပ်ပြီး လက်ရှိဘုရင်တောင် သူ့ကိုမတားနိုင်ပေ။

ဆိုတော့ သူတစ်ယောက်ယောက်ကိုသတ်ချင်စိတ်ရှိလာရင် သတ်လိုက်နိုင်တာပဲ..
ဒါကို ရှီးရယ်က လူတစ်ယောက်ကိုသတ်ဖို့ဘာလို့အကြောင်းပြချက်တွေရှာနေတာလဲ....
နေပါဦး ဒါကအဓိကအချက်မဟုတ်သေးဘူး....
အဓိကအချက်က ယွဲ့ကွေ့တို့အုပ်စုသာဒီလို​မျိုး အသတ်ခံလိုက်ရရင် အရှေ့နန်းဆောင်ကလူတွေ ၀မ်ချီကိုပဲအပြစ်၀ိုင်းတင်ကြမှာ သေချာတယ်...

အားလုံးက ယွဲ့ကွေ့သေဆုံးတာ ၀မ်ချီနဲ့ပတ်သက်နေတယ်လို့ပဲထင်ကြမှာသေချာသည်။
၀မ်ချီက ဒီလိုနန်းတွင်းအရှုပ်တော်ပုံတွေကိုနားမလည်တဲ့အပြင် တရားဥပဒေစိုးမိုးတဲ့၂၁ရာစုမော်ဒန်ခေတ်မှ နိုင်ငံကြီးသားလူငယ်လေးတစ်ယောက်သာဖြစ်သည်။

သူငယ်ငယ်ကတည်းက လူသတ်မှုဆိုတာတရားမ၀င်လုပ်ရပ်လို့ စွဲမြဲစွာမှတ်ယူထားသည်။
အခုလို လူ့အသက်တချို့သူ့ခေါင်းပေါ်ပုံကျလာလိမ့်မယ်လို့ မမျှော်လင့်ထားပေ။

ကျူးကုန်းကုန်း စာကြည့်ခန်းမှ​ထွက်သွားဖို့လုပ်နေတာမြင်တော့ ၀မ်ချီအံကြိတ်လိုက်ပြီးထိုင်နေရာမှထကာ ကြမ်းပြင်ပေါ်ဒူးထောက်ချလိုက်ပြီး
"အရှင့်သား ကျွန်တော်မျိုးကိုကူညီပေးလို့ ကျေးဇူးကြီးမားလှပါတယ်...ဒါပေမယ့် ကျွန်တော်မျိုး သခင်လေးယွဲ့ကိုတစ်ခါပဲဆုံဖူးတာပါ...သခင်လေးယွဲ့သာ ကျွန်တော်မျိုးကြောင့်သေဆုံးခဲ့ရင် စိတ်မကောင်းဖြစ်မိမှာအမှန်ပါပဲ...ဒါကြောင့် ကျွန်တော်မျိုးသခင်လေးယွဲ့ကိုယ်စား သူတို့အုပ်စုကိုအသက်ချမ်းသာပေးပါလို့ အရှင့်သားကိုတောင်းဆိုပါတယ်"

ထိုစကားတွေထွက်လာတော့ ကျူးကုန်းကုန်းတစ်ယောက် အိမ်ရှေ့စံပြန်ဖြေတာကိုစောင့်နေတဲ့သဘောနဲ့ ရပ်တန့်နေလိုက်သည်။
၀မ်ချီက ဒူးထောက်ပြီးကြမ်းပြင်ပေါ်ဦးညွှတ်ထားတာကြောင့် ရှီးရယ်၏အမူအရာကိုမမြင်ရပေမယ့် အေးစက်စက်အကြည့်တစ်စုံက သူ့ကိုယ်ပေါ်ကျရောက်နေတာကိုတော့ ခံစားမိနေသည်။

အာဏာရှင်၏ကိုယ်လုပ်တော်အဖြစ်သို့ကူးပြောင်းလာခဲ့ခြင်း(မြန်မာဘာသာပြန်)Where stories live. Discover now